ရုရှားနဲ့အင်ဒိုနီးရှားတို့က ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မယ်
Pika (NSS) - အောက်တိုဘာ ၃ဝ
အင်ဒိုနီးရှားနဲ့ ရုရှားတို့ဟာ ၎င်းတို့ရဲ့ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့်လမှာ လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားရေတပ်က အောက်တိုဘာလ(၂၉)ရက်မှာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုဟာ ရုရှားနဲ့ဆက်ဆံရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေမှုနဲ့အတူ ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဘီယန်တိုဟာ ကမ္ဘာ့ဇာတ် ခုံပေါ်မှာ ရဲရဲတင်းတင်းရပ်တည်သွားမယ်လို့ ကတိပြုခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လမှာ ရုရှားကိုသွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆူရာဘာရာမြို့မှာရှိတဲ့ ရေတပ်စခန်းတစ်ခုအနီးမှာ နိုဝင်ဘာလ(၄)ရက်ကနေ (၈)ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်က "ရုရှားနဲ့ အင်ဒိုနီးရှားကြား လုပ် ဆောင်မယ့် ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့အတွက် corvette အတန်းအစားစစ်သင်္ဘောသုံးစင်း၊ အလတ်စားရေနံတင်သင်္ဘောတစ်စင်း၊ စစ်ရဟတ်ယာဉ်တစ်စင်း နဲ့ tugboat တစ်စင်းတို့ကို ရုရှားကစေလွှတ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂေးတိုးလ်ချီနော့ဗ်ကအတည်ပြုခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုဟာ အင်အားကြီးပြိုင်ဖက်တွေကို သတိပေးဖို့ ရည်ရွယ်ထားတာမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆာဂေးတိုးလ်ချီနော့ဗ်က "ဒီပူး တွဲစစ်ရေးလေ့ကျင့်မှုဟာ ကျွန်တော်တို့ရေတပ်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ အလားအလာတွေကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံမှ ခိုးယူခံလိုက်ရသည့် (၅)ရက်သားအရွယ်ကလေးငယ်ကို ရှာမတွေ့သေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ