ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံမှ ခိုးယူခံလိုက်ရသည့် (၅)ရက်သားအရွယ်ကလေးငယ်ကို ရှာမတွေ့သေး
နာမူ (NSS) - အောက်တိုဘာ ၃၀
ရန်ကုန်မြို့ ၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ယနေ့( အောက်တိုဘာလ ၃၀ ရက် ) နံနက် (၄) နာရီခန့်က ခိုးယူခံလိုက်ရသည့် (၅)ရက်သားအရွယ်ကလေးငယ်ကို လက်ရှိအချိန်ထိ (အောက်တိုဘာလ ၃ဝ ရက် ညနေ ၆ နာရီ) ပြန်လည်ရှာမတွေ့သေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက NSS သို့ ပြောသည်။ အဆိုပါကလေးငယ်ကို အမျိုးသမီးတစ်ဦးက ခေါ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။
“ကလေးက ဓာတ်ကင်ထားပြီး မနေ့ကမှ မိခင်ဆီကိုလာပြန်ပေးတာ ကောင်းပြီဆိုပြီးတော့လေ။ လာပြန်အပ်ပြီးတော့ မနေ့ညက လူနာစောင့် အဒေါ်ကြီးတစ်ယောက်ငှားထားတာလေ။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က လူနာကြည့်သလိုဘာလိုလိုနဲ့ မိတ်ဆက်စကားလာပြောတယ်။အဲဒါပြီးတော့ မနက် (၄)နာရီထိုးလောက် ဒီမိန်းမက လူနာစောင့်ကို မျက်နှာမသစ်သေးဘူးလား မေးတယ်တဲ့။ မေးတော့ မျက်နှာသွားသစ်တယ်တဲ့။ လူနာစောင့်က မျက်နှာသစ်ပြီးထွက်လာတော့ ဒီကလေးရော အဲဒီမိန်းမကြီးရော မရှိတော့တာ"ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက NSS သို့ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ပျောက်ဆုံးကလေးငယ်ကို ယခုထက်တိုင် ရှာမတွေ့သေးကြောင်း ၎င်းက ဆိုသည်။ “ဟုတ်ပါတယ်။ ပျောက်သွားတာကတော့။ လိုင်းပေါ်မှာ တက်နေသလိုတော့ တွေ့သွားပြီဆိုတာတော့ မဟုတ်ပါဘူး။ ခုထိ ဆေးရုံက စီစီတီဗီမှတ်တမ်းတောင် လက်ထဲမရောက်သေးပါဘူး”ဟု ၎င်းက ပြောသည်။
ခိုးယူရသည့်အကြောင်းအရင်းနှင့် မည်သည့်နေရာတွင် ရှိနေသည် ဆိုသောအချက်အလက်များကို ယခုထက်တိုင် မသိရသေးကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။ ကလေးပျောက်ဖြစ်စဉ်နှင့် ပက်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး တာဝန်ရှိသူများက ကလေးကို အမြန်ဆုံးရှာတွေ့ရေး ဆောင်ရွက်နေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေနံချောင်းမြို့နယ်နှင့်အနီးတစ်ဝိုက်ရှိ ပရဟိတဥယျာဉ်များတွင် စိုက်ပျိုးထားသော အပင်ပေါင်း (၃)သောင်းကျော်အထိ ရှိလာ
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း