Tommy Hilfiger ကုမ္ပဏီရဲ့သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဂျီဆိုးသည် BLACKPINK ဖက်ရှင်ကုမ္ပဏီ၏ တရားဝင်သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ အောက်တိုဘာလ(၂၂) ရက်နေ့တွင် Tommy Hilfiger ကုမ္ပဏီသည် American luxury clothing brand's 2024 fall brand ကမ်းပိန်းအတွက် မော်ဒယ်အဖြစ် ဂျီဆိုးကို ကြိုဆိုခဲ့ကြောင်းလည်းသိရသည်။
ဂျီဆိုးက “Tommy Hilfiger ကုမ္ပဏီ နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရခဲ့တာဟာ ကျွန်မ အတွက် အိပ်မက်တွေအမှန်တကယ်ဖြစ်လာတယ် လို့ ခံစားမိပါတယ်။ ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ လျှောက် လှမ်းပြီး နယူးယောက်မြို့ရဲ့ နာမည်ကျော်ဖြစ်တဲ့ Tommy Hilfiger ကုမ္ပဏီနဲ့ လက်တွဲ ဆောင်ရွက်ရတဲ့ အတွက် တကယ်ပျော်မိပါတယ်” ဟုပြော သည်။ Tommy Hilfiger ကုမ္ပဏီ က “ဂျီဆိုးဟာ ကိုယ်တိုင် ကိုက တောက်ပနေတဲ့ လူမျိုးပဲဖြစ်ပါတယ်။ ၎င်းရဲ့ယုံကြည်မှု၊တက်ကြွမှုနဲ့ ထူးခြားတဲ့ စတိုင်တွေက ဂျီဆိုးကို တခြားလူတွေနဲ့ မတူဘဲ ကွဲပြားနေစေတာလည်း ဖြစ်ပါတယ်။ ဂျီဆိုး ဟာ ကျွန်တော်တို့ ကုမ္ပဏီ အတွက် ပြီးပြည့်စုံတဲ့ သံတမန်တစ်ဦးပဲဖြစ်ပါတယ်။ ဂျီဆိုးကို ကျွန်တော်တို့ Tommy Hilfiger မိသားစု က ကြိုဆိုခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်”ဟု ပြောသည်။
လက်ရှိအချိန်တွင် BLACKPINK ၏အဖွဲ့ဝင် အားလုံးသည် ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနေကြပြီး နယ်ပယ်အသီးသီးတွင် အောင် မြင်မှုများကို ဆွတ်ခူးနေလျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့အင်ဒိုနီးရှားတို့က ပထမဆုံးရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မယ်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ