ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)အဖွဲ့၏ လုပ်ငန်းများလုပ်ကိုင်ခြင်းကို အစ္စရေးလွှတ်တော် ပိတ်ပင်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
အစ္စရေးလွှတ်တော်သည် ပြီးခဲ့သောရက်ပိုင်းအတွင်း ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)ကို အစ္စရေးနှင့် အစ္စရေးထိန်းချုပ်ထားသည့် အရှေ့ဂျေရုဆလင်ဒေသအတွင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းကို သုံးလအတွင်း ရပ်နားရန်တားဆီးပိတ်ပင်လိုက်ကြောင်း သိရသည်။
အစ္စရေးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အမေရိကန်အပါအဝင်အနောက်အုပ် စုနိုင်ငံများက ဝေဖန်ပြစ်တင်နေကြောင်းသိရသည်။ အစ္စရေးလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သော ဥပဒေထဲတွင် အစ္စရေးအစိုးရတာဝန်ရှိသူများနှင့် (Unrwa)အဖွဲ့တာဝန်ရှိသူများကြား ဆက်သွယ်ဆောင်ရွက်မှုများကိုလည်း ပိတ်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီသည် ဂါဇာဒေသနှင့် အစ္စရေးထိန်းချုပ်ထားသော အနောက်ဘက်ကမ်းခြေဒေသတွင် လုပ်ငန်းများလုပ်ကိုင်ခြင်းကို အကန့်သတ်ဖြင့်သာလုပ်ကိုင်ခွင့်ရမည်ဖြစ်ရာ ဂါဒေသရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်သူများအတွက် အခက်ခဲများစွာဖြစ်လာစေခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အစ္စရေးလွှတ်တော်က ဆုံးဖြတ်လိုက်သော ဥပဒေသည် ဒေသအတွင်း လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် အစ္စရေး -ပါလက်စတိုင်း ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်ဖွယ်ရှိနေကြောင်း ပြောသည်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သော မက်သရူးမီလ်လာက "ကုလသမဂ္ဂအေဂျင်စီအဖွဲ့ကို တားဆီးပိတ်ပင်မယ့် အစ္စရေးလွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို ရပ်တန်ဖို့ အစ္စရေးအစိုးရကိုတိုက်တွန်းတောင်းဆိုသွားမယ်။ အဲဒီ ဥပဒေကိုအလုံးစုံခွင့်ပြုတာမျိုးမလုပ်ဖို့ အစ္စရေးကိုတိုက်တွန်းတောင်းဆိုထားပါတယ်"ဟု ပြောသည်။ အစ္စရေးအစိုးရက အဆိုပါကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)သည် အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်းပါဝင်ဆက်နွှယ်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ရုရှားနိုင်ငံမှ (၁၇)ကီလိုဂရမ်အရွယ်အစားရှိကြောင် ကင်ဆာကြိတ်ကြောင့် သေဆုံး
RELATED POSTS
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ
30 Oct 2024 | အထွေထွေ,ပြည်တွင်း