ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ အတွက် ပထမဆုံးနှင်းကျခြင်း မရှိသေး
ရောင်နီ(NSS) - အောက်တိုဘာ ၂၉
ဂျပန်နိုင်ငံ ဖူဂျီတောင်ပေါ်မှာ ၂၀၂၄ ခုနှစ်ရဲ့ အောက်တိုဘာ ၂၆ ရက်ထိ ဆီးနှင်းကျဆင်းမှု မမြင်ရသေးပဲ နှစ်ပေါင်း (၁၃၀) အတွင်း စံချိန်တင် နှင်းကျနောက်ကျနေတယ်လို့ သိရပါတယ်။
၂၀၂၄ ဟာ ဖူဂျီတောင်အတွက် နှစ်ပေါင်း (၁၃၀)အတွင်း ဆီးနှင်းကျဆင်းမှု နောက်အကျဆုံး စံချိန် ဖြစ်လာနိုင်ပါတယ်။ ယခင်ဆီးနှင်းကျဆင်းမှု နောက်အကျဆုံး ဖြစ်ခဲ့တဲ့ ၁၉၅၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကတောင် အောက်တိုဘာ ၂၆ ရက်ထိပဲ နောက်ကျခဲ့တာ ဖြစ်ပါတယ်။ ဖူဂျီတောင်မှာ ပထမဆုံး ဆီးနှင်းကျဆင်းခြင်းဟာ ဆောင်းရာသီ ဝင်ရောက်လာခြင်းကို ဂျပန်ရိုးရာအရ ကိုယ်စားပြုပါတယ်။ ကိုဖုဒေသဆိုင်ရာ မိုးလေဝသရုံးရဲ့ အဆိုအရ တောင်ပေါ်ရှိ နှင်းကျဆင်းမှု နှောင့်နှေးနေခြင်းကြောင့် နေ့အပူချိန် ပုံမှန်ထက် မြင့်မားနေတယ်လို့ ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း မိုးလေဝသတာဝန်ရှိသူတွေဟာ ဖူဂျီတောင်မှ ကီလို မီတာ ၄၀ ခန့်အကွာမှာရှိတဲ့ မိုးလေဝသရုံးမှတဆင့် ရာသီရဲ့ပထမဆုံးဆီးနှင်းကျဆင်းမှုကို အတည်ပြုပါတယ်။
တောင်ပေါ်ဒေသ ဒါမှမဟုတ် မြို့တွင်းမှာ တိမ်ထူထပ်နေတဲ့ ရာသီဥတုကလည်း ဆီးနှင်းကျဆင်းဖို့ ခက်ခဲနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ရုရှားရဲ့အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ဆို
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ