ရုရှားက အထီးကျန်နိုင်ငံမဟုတ်ကြောင်း သမ္မတပူတင် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈
ရုရှားနိုင်ငံသည် အထီးကျန်နိုင်ငံ မဟုတ်ကြောင်း စေ့စပ်ဆွေးနွေးရေးအတွက် လမ်းကြောင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ထို့ပြင် ရုရှားသမ္မတက အနောက်အုပ်စု နိုင်ငံများနှင့်စေ့စပ် ဆွေးနွေးရန်ရှောင်ရှားနေသည်ဟု ပြောဆိုခြင်းများသည် လိမ်လည်ပြောဆိုခြင်းမျိုးသာဖြစ်ကြောင်း၊ ရုရှားက စေ့စပ်ဆွေးနွေးရန် အမြဲတမ်း လမ်းဖွင့်ထားကြောင်းပြောသည်။ ရုရှားသမ္မတပူတင်က “ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကျွန်တော်ဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှောင်ရှားနေတယ်လို့ ပြောဆိုတာတွေကိုပြန်ကြားမိတယ်။ တ ကယ်တော့ ဒါတွေဟာ လိမ်လည်တဲ့ပြောစကားတွေသာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ ငြင်းဆန်ပယ်ချတာမရှိဘူး၊ အထူးသဖြင့် တစ်စုံတစ်ဦးက ကျွန်တော်တို့နဲ့ ဆက်ဆံရေးအသစ် လုပ်ဆောင်ဖို့ လိုလားမယ်ဆိုရင် ကြိုဆိုသွားမှာပါ” ဟုပြောသည်။
ရုရှားသမ္မတ ပူတင်သည် အနောက်အုပ်စုနိုင်ငံများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေး ရန်ရှောင်ရှားနေပြီး အထီးကျန်သလိုမျိုးခံစားနေရ ကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့ သည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာ ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက် အုပ်စု နိုင်ငံများသည် ရုရှားနိုင်ငံကို အထီးကျန် နိုင်ငံဖြစ်စေရန် ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများထဲမှ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်၊ တူရကီသမ္မတ အာဒို ဂမ်တို့သည် ယူကရိန်းစစ်ပွဲအတွင်း ကြားဝင်စေ့စပ်ရန် ကြိုးပမ်းခဲ့ပြီး အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ လုပ်ရပ်ကိုဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံ များနှင့် တင်းမာမှုရှိနေချိန်တွင် ကာဇန်မြို့မှာ BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ အနောက်အုပ်စုနိုင်ငံများနှင့်နီးစပ် သောနိုင်ငံအချို့၏ ခေါင်းဆောင်များတက်ရောက်ခဲ့သည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံကြား စစ်ပွဲနှင့်ဆက်နွှယ်ပြီး ရုရှားနှင့်အမေရိကန်နိုင်ငံကြား တင်းမာမှု အရှိန် ပိုမိုမြင့်တက်လာနေကြောင်းသိရသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲက အချိန် (၂) နှစ်ကျော်လာသော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခြင်း၊ တိုက်ရိုက် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတလောင်းများက အရူးများသာဖြစ်ကြောင်း ဘီလာရုစ်သမ္မတဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ