အမေရိကန်သမ္မတလောင်းများက အရူးများသာဖြစ်ကြောင်း ဘီလာရုစ်သမ္မတဝေဖန်
Pika (NSS) - အောက်တိုဘာ ၂၈
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်တို့သည် အရူးများသာဖြစ်ကြောင်း ဘီလာရုစ် သမ္မတလူကာရှန်ကိုက ဝေဖန်ပြောဆိုလိုက်သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်နှင့် ကာမာလာဟားရစ်တို့သည် ရုရှားသို့မဟုတ် ဘီလာရုစ်နိုင်ငံတို့တွင် ရွေးကောက်ခံခဲ့မည်ဆိုပါက ၎င်းတို့နှစ်ဦးစလုံးအနက်မည်သူမှ သမ္မတအဖြစ် ရွေးချယ်ခံရမည်မဟုတ်ကြောင်း လူကာရှန်ကိုက ဝေဖန်ပြောဆိုသည်။
ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးအပြီးတွင် လူကာရှန်ကိုက ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် လာမည့်အမေရိကန် သမ္မတရွေး ကောက်ပွဲကို စောင့်ကြည့်နေသလား သို့မဟုတ် မည်သည့်ကိုယ်စားလှယ်လောင်းကို ပို သဘောကျသလဲ ဆိုသည့် သတင်းထောက်များ၏မေးခွန်းများကို လူကာရှန်ကိုက ပြန်လည်တုံ့ပြန် ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
လူကာရှန်ကိုက “ဒီရွေးကောက်ပွဲက ရုရှား ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံမှာဖြစ်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရမ့်ရော၊ကာမာလာဟားရစ်ရော ရွေးချယ်ခံရမှာမဟုတ်ပါဘူး။ ဒါက တကယ်ကိုကြောက်ဖို့ ကောင်းပါတယ်။ တစ်ယောက်က အရည်အချင်းမရှိပါဘူး။ တခြားတစ်ယောက်ကတော့ ပေါက်ကရ စကားတွေ ပြောနေပါတယ်။ သူတို့အားလုံးက အရူးတွေပါ။ သူတို့ရဲ့ ကမ်းပိန်းနှစ်ခုစလုံးက အမေရိ ကန်ဒေါ်လာဘီလျံနဲ့ ချီပြီး ဖြုန်းတီးနေကြတာပါ။ ဒါက ကြောက်စရာကောင်းပြီး မိုက်မဲတဲ့ ရွေးကောက်ပွဲ တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အမြင်အရဆိုရင် ဘာကိုမှကျွန်တော်တို့နားမလည်ပါဘူး ” ဟုပြောသည်။
သို့သော်လည်း ဒေါ်နယ်ထရမ့် သို့မဟုတ် ၎င်း၏မူဝါဒများကို ပုဂ္ဂိုလ်ရေးအရ ကြိုက် နှစ်သက်ခြင်း မျိုးမဟုတ်ဘဲ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည်ကို မြင်တွေ့လိုကြောင်း လူကာရှန်ကိုက ဝန်ခံပြောဆိုခဲ့သည်။ လူကာရှန်ကိုက “ကာမာလာဟားရစ်သာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ မယ်ဆိုရင် ဘာတွေဆက်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ကောင်းတာတွေ ဖြစ်လာမှာမဟုတ်ဘူးဆိုပေမယ့်လည်း မျှော်လင့်ချက် တော့ ရှိနေပါသေးတယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရမည်ဆိုပါက ရုရှား-ယူကရိန်းပဋိပက္ခကို အချိန် (၂၄)နာရီအ တွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးနိုင်ကြောင်း အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံရည်ညွှန်းစပါးဈေး ကျပ်(၉)သိန်းခွဲသည် တောင်သူလယ်သမားများအတွက်နစ်နာ မှုများရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ