လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
နာမူ (NSS) - အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင် (၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) ည ၉ နာရီခွဲခန့်က လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ဝါးရုံတောကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဦးဇင်းတွေကိုမေးတော့ ဟင်းပေါင်းကနေဖြစ်တာ၊ ဖြစ်တာတော့ ကိုရင်တွေဖြစ်တာ၊ စာသင်သားတွေဖြစ်မယ် ထင်တယ်၊ အမြဲဝတ် ကိုရင်တွေ၊ အသက်တွေကတော့ ၁၈ အောက် ၊ ၂၀ အောက်တွေ” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့် စာသင်သား ကိုရင် (၁၆) ပါးနှင့် ဘုန်းကြီးကျောင်းသား (၁) ဦးတို့မှာ ဝါးရုံတောကျောင်းတိုက်မှ ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့သည့် ကိုရင်များနှင့် ကျောင်းသားအား လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အပါအဝင် ဒေသတွင်းပရဟိတအသင်းများက ပူးပေါင်းကာ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ