မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
အမေရိကန်အစိုးရက ရုရှားနိုင်ငံတွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အနည်းဆုံး (၃၀၀၀)ခန့် စစ်ရေးလေ့ကျင့်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားစစ်သားများသည်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်မည်ဆိုပါက ယူကရိန်းစစ်တပ်၏ တရားဝင်ပစ်မှတ် များဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက သတိပေးပြောဆိုလိုက်သည်။
ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် ယူကရိန်းစစ်ပွဲဖြစ်ပွားနေချိန်အတွင်း နိုင်ငံရေးနှင် စစ်ရေးမဟာမိတ်ဖြစ်မှု တိုးမြင့်လုပ်ကိုင်လာခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်အတွက် ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပြီးနောက် လက်ရှိအချိန်တွင် ရုရှားနိုင်ငံသို့တပ်ဖွဲ့ဝင်များစေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က "အောက်တိုဘာလအစောပိုင်းအထိ မြောက်ကိုရီးယားစစ်သား အနည်းဆုံး ၃၀၀၀ ခန့် ရုရှားနိုင်ငံကိုရောက်ရှိနေတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားနိုင်ငံ ဗီလာဒီဗိုစတော့ မြို့ကို သင်္ဘောတွေနဲ့ သွားရောက်ခဲ့တယ်။ အဲဒီမြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားရှေ့ပိုင်းမှာ စစ်ရေးလေ့ကျင့်နေတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ စစ်ပွဲမှာ ဘယ်လောက်အထိ ပါဝင်တိုက်ခိုက်နေသလဲဆိုတာ ကျွန်တော်တို့ အတိကျမသိသေးဘူး၊ စစ်ပွဲမှာမြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်လာမယ်ဆိုရင်တော့မြောက်ကိုရီးယားစစ်သားတွေဟာ ယူကရိန်းရဲ့တရားဝင်ပစ်မှတ်တွေဖြစ်လာဖွယ်ရှိပါတယ်"ဟု ပြောသည်။
ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ယခုနှစ်အတွင်း ပိုမိုကောင်းမွန်သော မဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ