မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
စော (NSS) - အောက်တိုဘာ ၂၄
မြန်မာနိုင်ငံတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့သော်လည်း ထပ်မံ စမ်းသပ်သုတေသနလုပ်ပြီး အတည်ပြုရန် လိုအပ်နေသေးကြောင်း တိရစ္ဆာန်မျိုးစိတ်များကို သုတေသနစာတမ်းပြုစုသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်သည် ယခင်က တရုတ်နိုင်ငံ၊ ယူနန်ခရိုင်တွင်နေထိုင်ကျက် စားသည်ဟု မှတ်ယူဖော်ထုတ်ခဲ့ကြကာ ယခုအချိန်တွင် မြန်မာနိုင်ငံတွင် တွေ့ရနိုင်ကြောင်း စာတမ်းရေး သားတင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
“ ဟိုးအရင်တုန်းက သုံးခဲ့တဲ့ဟာတွေကို နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ထပ်ပြီးတော့ စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါမှာ သူတို့ရှာတွေ့ခဲ့တဲ့ဖမ်းသွားတဲ့မျိုးစိတ်တွေက ကျွန်တော်တို့ရေးထား တဲ့ အတိုင်းပဲ Caudornatus မျိုးစိတ်ဖြစ်နေတယ်။ မျိုးစိတ်နဲ့ DNA နဲ့ သွားပြီးတော့ တူတယ်ပေါ့နော်။ တူတဲ့အခါမှ အရင်တုန်းကတော့ ဒီ Caudornatus က တရုတ်နိုင်ငံမှာပဲရှိတယ်ပေါ့နော်။ ဒီစာတမ်း ရေးပြီးတော့ ဒီမျိုးစိတ်က မြန်မာနိုင်ငံမှာလည်း ရှိတယ်ဆိုပြီးတော့ သူတို့သက်သေပြနိုင်လိုက် တယ်ပေါ့နော်။အဲဒီအကောင်တွေကို သုံးပြီးတော့ပေါ့ ” ဟု ၎င်းက ပြောသည်။
အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းနှင့် ကချင် ပြည် နယ်တို့တွင် တွေ့ရနိုင်ကြောင်း သတ်မှတ်ထားကာ စမ်းသပ်မှုမပြုရသေးသည့်အတွက် အခြားဒေသများ တွင်လည်း တွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ်ပြောသည်။
“ ဒီအကောင်(မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်)က အခြားမျိုးကွဲတွေထက်စာရင် နည်းနည်းလေး တော့ ပိုပြီးတော့ရှားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခြားမျိုးကွဲတွေကတော့ မြန်မာနိုင်ငံမှာ တော်တော်လေးတွေ့ရတယ်။ ဒီကောင်တွေကကျတော့ အခုမှပဲ ဒီစာတမ်းထုတ်ပြီးမှပဲ ဒီမျိုးစိတ်က caudornat ကျဆိုတာ သက်သေပြနိုင်တယ်။ ပြီး တော့ နောက်တစ်ခုက ဒီကောင်တွေကို ကျွန်တော်တို့ စမ်းသပ်ဖို့လိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပျံနှံမှုက ဘယ်လောက်ထိပျံနှံနေလဲဆိုလဲ သေချာမသိရသေးဘူး ” ဟု ၎င်းကဆက်လက် ပြောသည်။
အဆိုပါ မြွေစိမ်းမြီးခြောက်၏ ပုံပန်းသဏ္ဍာန် မှာ ခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အစိမ်းရင့် ရောင်၊ နှုတ်ခမ်းတစ်ဝိုက်တွင် အစိမ်းဖျော့ရောင်၊ ဝမ်းဗိုက်တွင် စိမ်းဝါရောင်ရှိပြီး ကျောဖက်ကြေးခွံများ၏ ပထမဆုံး လိုင်းတွင် ခပ်ဖျော့ဖျော့ စိမ်းဝါရောင်လိုင်းရှိကြောင်းသိရသည်။
ထို့ပြင် အမြီးမှာ အနီရောင်ဖြစ်၍ လိုင်း အဖြောင့်သဏ္ဍာန်အပေါ်ပိုင်းတွင် ရှိပြီး အမြှီးအောက်ပိုင်း တွင် အနီရောင်လိုင်းပါးပါးလေးရှိပြီး မျက်လုံးမှာ ရွှေဝါရောင်ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် အခြားမျိုးစိတ်များကိုလည်း နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းကာ စာတမ်း များရေးသားရန် ရှိနေသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ