ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ (၁၉ဝဝ)ကျော် တိုးမြှင့်သုံးစွဲရန်လျာထား
မျိုးကြီး (NP News) - ဧပြီ ၈
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သော ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်ထက် ငွေကျပ်ဘီလျံ (၁၉ဝဝ)ကျော်ကို ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၌ တိုးမြှင့်သုံးစွဲရန်လျာထားကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန်း ( ၅၆၃၅ ဘီလျံကျော်) သုံးစွဲရန် လျာထားကြောင်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၃,၇ဝ၃,၈၆၆ ဒသမ ၇၉၈ သန်း (၃၇ဝ၃ ဘီလျံကျော်) သုံးစွဲရန် လျာထားခဲ့ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်ဘီလျံ (၁၉ဝဝ) ကျော်ကို ပိုမိုတိုးမြှင့်သုံးစွဲရန် လျာထားခဲ့ကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက အနိမ့်ဆုံးအဆင့်တွင် ရပ်တည်လျက်ရှိကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ထက် စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖီလစ်ပိုင်နိုင်ငံတို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနများ၏ သုံးစရိတ်များသည် ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်အောက် လျော့နည်းသည့် အာဆီယံနိုင်ငံများသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၌ ပညာရေးဝန်ကြီးဌာနအနေဖြင့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ် (၂၁၈၈) ဘီလျံကျော် သုံးစွဲရန်လျာထားပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် (၂၁၆၄) ဘီလျံကျော် သုံးစွဲရန်လျာထားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ သုံးစွဲမည့်အသုံးစရိတ်သည် ပြီးခဲ့သောဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ငွေကျပ် (၂၄)ဘီလျံကျော်နည်းခဲ့သည်ကို ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများအရ တွေ့ရှိရသည်။
အလားတူ လက်ရှိဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သုံးစွဲရန်လျာထားသည့် အသုံးစရိတ်သည် ငွေကျပ် (၈၁၄)ဘီလျံကျော်ရှိပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ငွေကျပ် (၈၆၁)ဘီလျံကျော် သုံးစွဲရန်လျာထားခဲ့သည်ကို တွေ့ရှိရသည်။
zawgyi version
ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္၌ ေငြက်ပ္ဘီလ်ံ (၁၉ဝဝ)ေက်ာ္ တိုးျမႇင့္သုံးစြဲရန္လ်ာထား
မ်ိဳးႀကီး (NP News) - ဧၿပီ ၈
ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ၿပီးခဲ့ေသာ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ထက္ ေငြက်ပ္ဘီလ်ံ (၁၉ဝဝ)ေက်ာ္ကို ယခု ၂ဝ၂၃-၂ဝ၂၄ ဘ႑ာႏွစ္၌ တိုးျမႇင့္သုံးစြဲရန္လ်ာထားေၾကာင္း သိရသည္။
ကာကြယ္ေရးဝန္ႀကီးဌာနသည္ သာမန္သုံးေငြ၊ ေငြလုံးေငြရင္းသုံးေငြအပါအဝင္ စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန္း ( ၅၆၃၅ ဘီလ်ံေက်ာ္) သုံးစြဲရန္ လ်ာထားေၾကာင္း ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္ျပည္ေထာင္စု၏ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒတြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့ေသာ ဘ႑ာႏွစ္တြင္ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ သာမန္သုံးေငြ၊ ေငြလုံးေငြရင္းသုံးေငြအပါအဝင္ စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၃,၇ဝ၃,၈၆၆ ဒသမ ၇၉၈ သန္း (၃၇ဝ၃ ဘီလ်ံေက်ာ္) သုံးစြဲရန္ လ်ာထားခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ထို႔ေၾကာင့္ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္တြင္ ယခင္ဘ႑ာႏွစ္ထက္ ေငြက်ပ္ဘီလ်ံ (၁၉ဝဝ) ေက်ာ္ကို ပိုမိုတိုးျမႇင့္သုံးစြဲရန္ လ်ာထားခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ျမန္မာႏိုင္ငံရွိ ကာကြယ္ေရးဝန္ႀကီးဌာန၏ အသုံးစရိတ္သည္ အာဆီယံႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါက အနိမ့္ဆုံးအဆင့္တြင္ ရပ္တည္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။
အာဆီယံႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံရွိ ကာကြယ္ေရးဝန္ႀကီးဌာန၏ အသုံးစရိတ္ထက္ စကၤာပူ၊ အင္ဒိုနီးရွား၊ ထိုင္း၊ မေလးရွား၊ ဗီယက္နမ္၊ ဖီလစ္ပိုင္ႏိုင္ငံတို႔ရွိ ကာကြယ္ေရးဝန္ႀကီးဌာနမ်ား၏ သုံးစရိတ္မ်ားသည္ ပိုမိုမ်ားျပားလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။
ျမန္မာႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ အသုံးစရိတ္ေအာက္ ေလ်ာ့နည္းသည့္ အာဆီယံႏိုင္ငံမ်ားသည္ ကေမာၻဒီးယား၊ လာအိုႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ ယခုဘ႑ာႏွစ္၌ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ သာမန္သုံးေငြ၊ ေငြလုံးေငြရင္းသုံးေငြအပါအဝင္ စုစုေပါင္း ေငြက်ပ္ (၂၁၈၈) ဘီလ်ံေက်ာ္ သုံးစြဲရန္လ်ာထားၿပီး ၿပီးခဲ့ေသာ ဘ႑ာႏွစ္တြင္ (၂၁၆၄) ဘီလ်ံေက်ာ္ သုံးစြဲရန္လ်ာထားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္၌ သုံးစြဲမည့္အသုံးစရိတ္သည္ ၿပီးခဲ့ေသာဘ႑ာႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေငြက်ပ္ (၂၄)ဘီလ်ံေက်ာ္နည္းခဲ့သည္ကို ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒမ်ားအရ ေတြ႕ရွိရသည္။
အလားတူ လက္ရွိဘ႑ာႏွစ္တြင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ သုံးစြဲရန္လ်ာထားသည့္ အသုံးစရိတ္သည္ ေငြက်ပ္ (၈၁၄)ဘီလ်ံေက်ာ္ရွိၿပီး ၿပီးခဲ့ေသာ ဘ႑ာႏွစ္တြင္ ေငြက်ပ္ (၈၆၁)ဘီလ်ံေက်ာ္ သုံးစြဲရန္လ်ာထားခဲ့သည္ကို ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ