ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးသေဆုံး
Pearl (NP News) – ဧပြီ ၈
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာနထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၈ ရက်)၊ ညနေ (၃)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်တိုင်အနီး၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၃)ဦးလိုက်ပါလာသော Swift အမျိုးအစား မော်တော်ယာဉ် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုအား ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ဘီးပေါက်ပြီးအရှိန်လွန်တယ်ထင်တယ်၊ ကားပေါ်မှာ (၄)ယောက်ပါတယ်။ အမျိုးသမီး တစ်ဦးဆုံးတယ်၊ ၃ဦး ဒဏ်ရာရတယ်" ဟု ပန်းတင်အမြန်လမ်းမီးသတ်စခန်း၏ တာဝန်ရှိသူ တစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ပါလာသူ (၄)ဦးအနက် (၄၅)နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးတွင် ဦးခေါင်း၌ ပေါက်ထွက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား နေပြည်တော်ကုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူ အမျိုးသားသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားရာ အမ်ိဳးသမီး တစ္ဦးေသဆုံး
Pearl (NP News) – ဧၿပီ ၈
ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားရာ အမ်ိဳးသမီး တစ္ဦးေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဌာနထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၈ ရက္)၊ ညေန (၃)နာရီ အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၂၂၂/၆)အနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မိုင္တိုင္အနီး၌ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး (၃)ဦးလိုက္ပါလာေသာ Swift အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈအား ပန္းတင္အျမန္လမ္းမီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
"ဘီးေပါက္ၿပီးအရွိန္လြန္တယ္ထင္တယ္၊ ကားေပၚမွာ (၄)ေယာက္ပါတယ္။ အမ်ိဳးသမီး တစ္ဦးဆုံးတယ္၊ ၃ဦး ဒဏ္ရာရတယ္" ဟု ပန္းတင္အျမန္လမ္းမီးသတ္စခန္း၏ တာဝန္ရွိသူ တစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ပါလာသူ (၄)ဦးအနက္ (၄၅)ႏွစ္အ႐ြယ္ခန႔္ အမ်ိဳးသမီးတစ္ဦးတြင္ ဦးေခါင္း၌ ေပါက္ထြက္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ၿပီး (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ေနျပည္ေတာ္ကုတင္ ၁ဝဝဝ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူ အမ်ိဳးသားသည္ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)လကျော်ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ (၃ဝဝဝဝ)နီးပါးကို မူလနေရပ်ကို ပြန်ပို့ထားနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း