Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)

သန့်ဇင် (NSS) - အောက်တိုဘာ ၃ 

သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ဆေးရုံ၊ ဆေးခန်းများအပါအဝင် ပြည်သူ့ဝန်ဆောင်မှု ပေးသောနေရာများသည် ဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေးအတွက် အရေးကြီး သောအရာများဖြစ်သည်။ သို့သော် အဆိုပါနေရာများသည် ဘေးလွတ်ရာတွင် တည်ဆောက်မှုနည်းပါး ကြောင်းလည်း တွေ့မြင်ရပြန်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ သဘာဝဘေးဖြစ်ပွားနိုင် သည့် ဒေသများတွင် ယင်းအဆောက်အအုံများကို မည်သည့်နေရာများတွင် တည်ဆောက်သင့်ပုံ၊ လုပ် ဆောင်သင့်ပုံများကို ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ (Master Of Preventive and Tropical Medicine) အထူးကုသမားတော် ဒေါက်တာပြည့်ထူးအား NSS က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-မင်္ဂလာပါဆရာ။ ပထမဆုံးမေးချင်တာက ဆရာကိုယ်တိုင် ရေဘေးကယ်ဆယ်ရေးတွေလည်း လုပ်ခဲ့တာဆိုတော့ အများပြည်သူ အဆောက်အအုံတွေ၊ အများပြည်သူဝန်ဆောင်မှုပေးတဲ့ အဆောက် အအုံတွေရဲ့အခြေအနေက ဘယ်လိုရှိတယ်လို့ ဆရာမြင်တွေ့ရပါသလဲ။

ဖြေ -အဓိက အများပြည်သူဝန်ဆောင်မှုပေးတဲ့အ ဆောက်အအုံတွေပေါ့။ ပညာရေး၊ ကျန်းမာရေးပေါ့ နော်။ ပညာရေးဆို ကျောင်းတွေပေါ့။ ကျန်းမာရေးဆို ကျေးလက်ဆေးပေးခန်းတွေရှိတယ်။ တချို့နေရာ တွေမှာ ဆေးရုံတွေရှိတယ်။ တပ်ကုန်းဘက်မှာဆို ဆေးရုံတွေပေါ့နော်။ အဲဒါတွေက ရေဘေးဒဏ်ကိုပါ ခံခဲ့ရတာကို တွေ့ရတယ်။ ဒါတွေက လတ်တလော ရေဘေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လူတွေက ကျန်းမာ ရေးအရ လတ်တလောရှာဖွေဖို့ခက်သွားတဲ့ အနေအထားလေး ဖြစ်သွားတာကိုတွေ့ရပါတယ်။

မေး-ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်းမာရေးအ ဆောက်အအုံတွေ၊ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှု ပေးတဲ့အဆောက်အအုံတွေက ဘယ်လိုပုံစံမျိုးရှိ နေသင့်တယ်လို့ ယူဆပါသလဲ ခင်ဗျာ။

ဖြေ- အဓိကတော့ disaster prone area ပေါ့။ သဘာဝ ဘေးတွေဖြစ်နိုင်တဲ့နေရာတွေမှာဆိုရင် disaster preparedness ဆိုတဲ့ fact ပေါ့။ disaster မှာ Fact (၃)ခုရှိတာပေါ့။ Impact ဖြစ်တဲ့ fact ရယ်။ နောက်တစ်ခုက   disaster response လုပ်တဲ့ fact ။ နောက်တစ်ခုက ပြန်မဖြစ်အောင် prepare လုပ်တဲ့ fact ။ အဲဒီ  fact (၃)ခုရှိတဲ့အထဲမှာ preparedness fact က disaster prone area တွေမှာဆိုရင် အများ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့ ကျေးလက်ကျန်းမာရေး ဆေးခန်း၊ ဆေးရုံတွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေ။ နောက်တစ်ခုက လုံခြုံရေးပိုင်းဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့လို အဆောက်အအုံတွေဟာ ဒီ disaster ကို ခံနိုင်ရှိတဲ့ Disaster resilience power ပေါ့နော်။ ခံနိုင်ရည်ရှိတဲ့ဟာ မြှင့်တင်နိုင်တဲ့အနေအထားမျိုးမှာ ရှိရမယ်။ ဥပမာ- ရေကြီးတတ်တဲ့ဒေသတွေမှာ ဆိုရင် တောင်ပေါ်တွေမှာရှိတဲ့ဟာ။ နောက်တစ်ခု တခြား သဘာဝဘေးပေါ့။ တောမီးလောင်တတ်တဲ့ ဒေသတွေမှာဆိုရင် မီးလွတ်တဲ့နေရာမျိုးတို့၊ ဒီလိုမျိုး preparation သေချာအတိအကျ လုပ်ထားသင့် တာပေါ့။ အခု ဒီနေရာ(ဆင်သေကျေးရွာ)ကိုပဲပြောရမယ်ဆိုရင် ရေကြီးတတ်တဲ့နေရာပေါ့။ ဆရာတို့သွား ရင်လည်း တွေ့ရပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေပါ ရေထဲမှာပါနေတာတွေ့ရပါတယ်။ ဒီလိုတွေ မဖြစ်သင့်ဘဲနဲ့ ပြန်လည်ထူထောင်တဲ့အချိန်မှာ ကုန်းမြင့်တဲ့နေရာတို့ အကယ်၍ ရေကြီးလာပြီဆိုရင် အနည်းဆုံး ပြည်သူတွေ ခိုနားရာနေရာလည်းဖြစ်မယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်း ပေးနိုင်မယ်ပေါ့။ ကျန်းမာရေးတစ်ခုတည်းကိုပြောမယ်ဆိုရင် ဒီလိုနေရာတွေဖြစ်သင့်တယ်။ နောက် တစ်ချက်က ကျောင်းတွေပေါ့။ အခုလည်းကျောင်းတွေပါ ပါသွားတဲ့အတွက် ကျောင်းတွေပါပိတ်ထားရ တယ်။ အဲဒီကျောင်းတွေကလည်း နည်းနည်းမြင့်တဲ့နေရာတွေမှာရှိနေမယ်ဆိုရင် အဲဒီကျောင်းတွေက အခုလို ရေကြီးတာမျိုးဖြစ်လာပြီဆိုရင် လူတွေခိုနားရာနေရာတစ်ခုဖြစ်လာသလို ကျောင်းတွေလည်း ပိတ်စရာမလိုတော့ဘူးပေါ့။ ဒီလိုမျိုး Township plan ကို ပြန်လည်ထူထောင်ရေးကာလမှာ လုပ်သင့် တယ်လို့မြင်ပါတယ်။

မေး- ဟုတ်ကဲ့ဆရာ။ အဲဒီ Township plan ပြန်လုပ်ဖို့ကတော့ လွယ်ပါ့မလားဆရာ။ အခုဆို ဆင်သေ ရွာမှာဆိုရင် အိမ်တွေတောင်ပြန်ဆောက်ဖို့ အခက်အခဲဖြစ်နေတဲ့အနေအထားမျိုးဆိုတော့ အဲဒါကကော ဆရာ ဘယ်လိုမျိုးအကြံပြုချင်ပါသလဲ ခင်ဗျာ။  

ဖြေ- Township plan လုပ်ဖို့က Master Plan နဲ့ သွားရင် သိပ်အရမ်းကြီးတော့ မခက်ပါဘူး။ တချို့အ ရာတွေ ပြန်လည်ဖော်ဆောင်ရမှာရှိတယ်။ လယ် ကွက်တွေပေါ့။ လယ်ကွက်တွေမှာဆိုရင် ဘယ်ဟာက ကန်သင်းရိုးမှန်းတောင်မသိတော့တဲ့အနေအထားမှာ လယ်ကွက်တွေကို သေချာပုံဖော်ရမယ်။ ဒီလိုမျိုး အများကြီးလုပ်လို့ရတဲ့အထဲမှာ Township Plan ကလည်းအရမ်းကြီး ခက်ခဲတဲ့အပိုင်းမှာ မရှိဘူးလို့တော့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သွားတဲ့နေရာမှာ တောင်ကုန်းလေးတွေရှိတယ်။ နောက် ဆုံး ဘယ်လိုမှမရှိရင်တောင် လွတ်တဲ့ရွာကိုပြောင်းထားသင့်တယ်။ ဥပမာ- ဆင်သေရွာမှာ ကျန်းမာရေး ဌာနတစ်ခုရှိတယ်ထားပါတော့။ အဲဒီမှာ Township Plan အရ၊ Village Plan အရ အပေါ်မှာ အမြင့် မရှိဘူးဆိုရင် အဲဒီကနေနီးတဲ့နေရာကို ကျေးလက်ကျန်းမာရေးဆေးခန်းပြောင်းတာတို့၊ ကျောင်းပြောင်း တာတို့ ဒီလိုလေးတော့လုပ်ရမယ်တို့ ရှိနိုင်တယ်။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာဖြစ်ရင် နေရာပြောင်းတာတို့ပေါ့။ အခုတော့ တာဝန်ရှိသူတွေလည်းပြောပါတယ်။ တောက် လျှောက် ဖြစ်နေမယ်ဆိုရင် နေရာပြောင်းတာ စဉ်းစားရမယ်လို့ သူတို့ရဲ့မိန်းခွန်းတွေမှာလည်းတွေ့နေ ရတော့ ဒါဟာ မဖြစ်နိုင်စရာအကြောင်းတော့မရှိပါဘူး။ ဖြစ်နိုင်ပါတယ်။

မေး-ဟုတ်ကဲ့ဆရာ၊ ဆရာကိုယ်တိုင်ကလည်း ရေဘေးကူညီခဲ့တာရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်က လည်း ဆင်သေရွာဖြစ်စဉ်ကို တွေခဲ့ရတယ်။ ကျေးလက် ကျန်းမာရေးဌာနဆိုရင် ရေဘေးမှာမြုပ်သွား တဲ့အနေအထားရှိတယ်။ ဆရာတို့စပြီးကူညီခဲ့တဲ့အချိန်မှာ ဘယ်လိုမျိုးထည့်သွင်းစဉ်းစားပြီး ကူညီခဲ့ရ လဲခင်ဗျ။

ဖြေ- ဖြစ်ပြီးနောက်ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ဘက်ကရော၊ အစိုးရဘက်ကရော ကယ်ဆယ်ရေး စခန်းတွေဖွင့်တယ်။ အဲဒီမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးတယ်။ ဒါပေမဲ့ တချို့ပေါ့နော်။ ကျွန်တော်တို့ မြန်မာတွေရဲ့ထုံးစံအရ ကိုယ်နဲ့နီးစပ်ရာ အမျိုးတွေရဲ့အိမ်မှာ သွားနေကြတာရှိတယ်။ အဲဒီ လူတွေက ကျန်းမာရေးစောင့်ရှောက်မှုမှာ နည်းနည်းလေး လစ်ဟာသွားတာမျိုးတွေရှိတယ်။ ဒါက အစိုးရ က အားနည်းချက်လည်း မဟုတ်ပါဘူး။ ဒါမျိုးဆိုတာလည်း Camp မှာပဲလုပ်လို့ရမှာပေါ့။ နာမည် စာရင်း ရော၊ လူစာရင်းရောက အဲဒီမှာပဲလုပ်လို့ရမှာကိုး။ ဒါပေမဲ့ တော်တော်များများက ဘုန်းကြီး ကျောင်းတွေ၊ အမျိုးတွေအိမ်မှာသွားနေကြတယ်။ အဲဒီလူတွေအတွက် ကျွန်တော်တို့က ဘုန်းကြီးကျောင်းတွေမှာ ဒီလို လစ်ဟာမှုလေးတော့ရှိနိုင်တယ်ဆိုပြီး ကျွန်တော်တို့တတ်နိုင်သလောက် ကျန်းမာရေး စောင့်ရှောက်မှု တွေ ပေးတာပါ။ ဖြစ်သင့်တာကို ကျွန်တော်အကြံပြုချင်တာကတော့ mobile clinic လို မျိုးပေါ့နော်။ ဘယ်နေရာတွေမှာ ရေဘေးရှောင်တွေကို ထားထားသလဲ။ ကိုယ်ရဲ့camp မဟုတ်ဘဲနဲ့ တခြား ဘယ် နေရာတွေမှာ နေနေသလဲ။ ဒါလေးတွေကို လိုက်မှတ်ပြီးတော့ တစ်ရက်ကိုတစ်ရွာပဲဖြစ်ဖြစ် ဒါမှ မဟုတ် (၂)ရက်ကိုတစ်ရွာပဲဖြစ်ဖြစ် mobile clinic တွေလုပ်သင့်တယ်။ ဒါမှမဟုတ်ရင် တစ်ပတ်ကို တစ်ရက် ပေါ့။ ကူးစက်ရောဂါဆိုရင် ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ဟာ။ နောက်တစ်ခုက မကူးစက်တတ်တဲ့ နာတာ ရှည်ရောဂါလိုဟာတွေပေါ့၊ NCD (Non-Communicable Diseases) ပေါ့။ အဲဒီလို clinic လေးတွေ ဖွင့်ပြီး တော့ လုပ်သင့်တယ်လို့တော့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုကာလမှာ ကျန်းမာရေး နဲ့ပတ်သက်ပြီး တော့ ရင်ဆိုင်ရတာ (၃)ချက်ရှိတယ်။ တစ်အချက်က လူတွေက လူပဲအနိုင်နိုင်လွတ်အောင် ပြေးလာတာ ဖြစ်တဲ့အတွက် သူတို့သောက်လက်စ ဆေးတွေမရှိတော့ဘူး။ နောက်တစ်ခုက သူတို့သွားပြရမယ့် ကျန်းမာရေးဌာနတွေ ဘယ်သွားပြရမှန်းမသိတဲ့ အနေအထားတွေရှိတယ်။ ဒီအတွက်က သူတို့ကို ဘယ် နေရာမှာပြရမလဲဆိုတဲ့နေရာတစ်ခုကို သီးသီးသန့်သန့် ရှိဖို့လိုတယ်။ အဲဒီအတွက် ဘယ်ရက်မှာတော့ ဘယ်ရွာမှာ mobile clinic လာထိုင်မယ်ဆိုတဲ့အရာ လုပ်သင့်ပါတယ်။ လုပ်လည်းလုပ်မယ်လို့ ယူဆပါ တယ်။ နောက်တစ်ခုက အမေနဲ့ကလေးတွေအတွက် ကျန်းမာရေးမှာလည်း ကိုယ်ဝန်ဆောင်သည်တွေ လာအပ်ဖို့၊ (၅)နှစ်အောက်ကလေးတွေ သေချာစောင့်ရှောက်ကြဖို့ပေါ့။ ဘာလို့လဲဆိုတော့ အခုနောက် ပိုင်းမှာ (၅)နှစ်အောက်ကလေးတွေမှာ အရေးပြားရောဂါတို့၊ ဝမ်းပျက်ဝမ်းလျှောတို့တွေ့နေရတယ်။ အရမ်းကြီးတော့ မဆိုးသေးပေမယ့် ဒါမျိုးတွေအတွက် သီးသန့်ရက် တစ်ရက်လုပ်သင့်တယ်။ နောက် တစ်ခုက သွေးတိုးဆီးချိုအတွက်က တစ်ရက်၊ NCD  အတွက်တစ်ရက်၊ နောက်တစ်ခုက ကူးစက်ရောဂါ တွေ ဝမ်းရောဂါ လိုဟာမျိုးပေါ့။ အခုဆို ရေပြဿနာရှိတယ်။ အဲဒီလို သေချာမသုံးစွဲဘူးဆိုရင် ဝမ်းရောဂါ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ရေတွေကို ကလိုရင်းခတ်တာတို့ ဒီလိုဟာတွေကို တစ်ဖက်ကလုပ်သလို တစ်ဖက်ကလည်း ကူးစက်ရောဂါကိုစောင့်ကြည့်ပြီး ဆေးခန်းဖွင့်ပေးတာတို့။ ဝမ်းလျှောတာ သံသယရှိ တာနဲ့ ဆေးခန်းတန်းလာပြဆိုတဲ့အရာမျိုးတွေပေါ့။ တန်းပြီးတော့ emergency response အတွက်က တစ်ရက်ပေါ့။ ဘာလို့လဲဆိုတော့ (၃)ရက်လောက်တော့ ဆေးခန်းလေးတွေ ဖွင့်သင့်တယ်လို့ ယူဆပါ တယ်။

မေး- ဥပမာအားဖြင့် ဆင်သေဆိုရင် ရေဘေးကြုံတယ်။ ကျေးလက်ကျန်းမာရေးဌာန ပြိုလဲသွားတယ် ပေါ့။ အဲဒီအခြေအနေမှာ ဆင်သေရွာကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် ဘယ်လိုအခက်အခဲ တွေ ရှိသွားခဲ့လဲ။ နောက်တစ်ခုက ကျေးလက်ကျန်းမာရေး ဌာနခွဲတွေကို အမြင့်မှာထားရင် ဘယ်လို အားသာချက် ရှိနိုင်လဲခင်ဗျ။

ဖြေ- ဒီကျေးလက်ကျန်းမာရေးဌာနက ဒီဒေသကို လွှမ်းခြုံနိုင်တဲ့ ဌာနလေးတစ်ခုပေါ့။ ဒီဒေသရဲ့ ကိုယ် ဝန်ဆောင်တွေကိုလည်း ကြည့်ပေးနေမယ်။ ကာကွယ်ဆေးလည်း ထိုးမယ်။ ကာကွယ်ဆေးထိုးတဲ့ နေရာ မှာ ဒီတိုင်းသာကြာနေမယ်ဆိုရင် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေကအစ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းမှာပါ အားနည်းချက်တွေရှိလာနိုင်တယ်။ အဲဒါက နဂိုရှိနေတဲ့ run နေတဲ့ မျှခြေကြီးတစ်ခုက ဆေးခန်းထဲကို ရေရောက်သွားတဲ့အတွက် ပျက်စီးသွားတယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ဒီကောင်က အစ တည်းက Township Plan မှာ၊ Village Plan မှာ ထိပ်အမြင့်မှာ ရှိနေတယ်ဆိုရင် အကယ်၍ အခုလို မျိုးရေဘေးသင့်ခဲ့ရင် သူတို့အတွက် ခိုနားရာနေရာ တစ်ခုဖြစ်နိုင်တယ်။ အဲဒီကိုရှောင်ကြမယ်ပေါ့။ ပြီး တော့ ရောဂါဖြစ်ပြီဆိုရင် အဲဒီနေရာကနေ ရောဂါကို ထိန်းချုပ်နိုင်တယ်ပေါ့။ အဲဒီတော့ ဒီဟာက အမြင့် မှာ ရှိခြင်းရဲ့ကောင်း ခြင်းတွေပေါ့နော်။ ရေလွှမ်းတဲ့ဒဏ်ကို ခံနိုင်တဲ့နေရာတွေမှာ ကျောင်းတို့၊ ကျေးလက် ကျန်းမာရေးဌာနတို့ ဒီလိုဟာလေးတွေထားတယ်ဆိုရင် ခုနလိုအကျိုးအမြတ်တွေနဲ့ တကယ်ဖြစ်လာရင် လူတွေအတွက် ရှောင်စရာနေရာတစ်ခုလည်းဖြစ်မယ်။ အဲဒီကနေပဲ response လုပ်လို့ရတဲ့နေရာ တစ်ခု ဖြစ်မယ်။ ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့နော် အဲဒီလို လုပ်လို့ရတဲ့နေရာတစ်ခုဖြစ်လာ နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး-ရေးဘေးကြုံလာပြီဆိုရင် ရေဘေးသင့်ပြည်သူတွေအတွက် စိန်ခေါ်မှုဖြစ်လာတာက ကျန်းမာရေး လား ဆရာ။ 

ဖြေ-မှန်ပါတယ်ခင်ဗျ။ စားဝတ်နေရေးမှာ သူတို့စားနိုင်ဖို့၊ ဝတ်နိုင်၊ နေနိုင်ဖို့က အဓိကကျန်းမာရေး ကောင်းနေဖို့ လိုတာပေါ့လေ။ အဲဒီတော့ ကျန်းမာရေးက အားလုံးရဲ့အဓိကလို့ပဲ ကျွန်တော့်အနေနဲ့ ဖြေရမှာပေါ့လေ။

မေး-အခု ရေဘေးသင့်ပြည်သူတွေဆီ ကျွန်တော်တို့ သွားခဲ့တဲ့အခါမှာ သူတို့မှာ ဝမ်းရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေတော့ ရှိတယ်ပေါ့လေ။ အဲဒီတော့ သူတို့မှာ ဝမ်းရောဂါနဲ့ပတ်သက်ပြီး သူတို့သိထားတဲ့ ဗဟုသုတမျိုးရှိနိုင်လားခင်ဗျ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ ဝမ်းရောဂါတွေ ဖြစ်လာရင် တားဆီးနိုင်ပါ့မလားခင်ဗျ။

ဖြေ-ဝမ်းရောဂါအတွက်တော့ ကျန်းမာရေးဌာနက ဟောပြောပွဲတွေလုပ်နေပါတယ်။ ဝမ်းရောဂါဖြစ်ပွား နိုင်တာကလည်း ရန်ကုန်လိုနေရာမျိုးမှာတောင် ရေ ကြီးရင်ဖြစ်တတ်တာဆိုတော့လေ။ ဖြစ်နိုင် မဖြစ်နိုင် ကတော့ ပြောရနည်းနည်းခက်တယ်။ သူတို့ကာကွယ်ထားနိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ တော့ သူတို့ကျော်လွှားနိုင်တယ်။ အခုတော့ ကျန်းမာရေး ဟောပြောပွဲတွေ ရွာတွေကိုလိုက်ဆင်းနေတာ တွေ့ရတယ်။ နောက်တစ်ခုက ပြောနေရုံနဲ့မရဘူးပေါ့။ ပြုလုပ်မှုလိုက်ရမယ်။ အဲဒီတော့ ရေကျပြီးသားရွာ တွေမှာ ကလိုရင်းခတ်တာတို့ အခုလုပ်တော့ လုပ်နေပါတယ်။ ဒါပေမဲ့ အားစိုက်လုပ်ဖို့လိုတယ်။ ပြီးတော့ ရေဘူးတွေထဲမှာ ရေသန့်ဆေးပြားတွေထည့်ရမယ်။ လုပ်နေတဲ့အချိန်မှာ အားနည်းချက်တွေရှိလာ နိုင်တဲ့ အတွက် ကျွန်တော်တို့က နည်းနည်းနဲ့ကျဲကျဲဝိုင်းနေရတဲ့ အနေအထားဖြစ်တာပေါ့။ ပြည်သူတွေကို ကျွန်တော်ပေးချင်တဲ့အကြံကတော့ ရေသန့်သောက်နိုင်ရင် သောက်၊ မသောက်နိုင်ရင် ရေကိုကျိုသောက် ဖို့လိုတယ်။ အဲဒီလိုဆိုရင်တော့ ဝမ်းရောဂါကို ကာကွယ်နိုင်မယ်။ နောက်တစ်ခုက ဝမ်းရောဂါဖြစ်ပြီဆိုရင် တန်းပြီးတော့ နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် တာဝန်ရှိသူကို သတင်းပေးဖို့လိုတယ်။ ကြိတ်ကုနေ လို့မရဘူး။ ကုနေရင် ကိုယ်က source ဖြစ်သွားနိုင်တယ်။ အဲဒီမှာ (၁၀)ယောက်ကနေ အယောက်(၁၀ဝ) ကူးသွားနိုင်တယ်။ အဲဒီတော့ တစ်ယောက်ဖြစ်ရင် တစ်ယောက်လုပ်မယ်ဆိုရင်တော့ ဝမ်းရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။ ဒါပေမဲ့ ဒါကြီးက ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောရခက်တယ် ပေါ့နော်။ ဖြစ်မယ် မဖြစ်ဘူးဆိုတာထက် ကာကွယ်ဖို့ကိုလုပ်ရမှာပါပဲ။ 

မေး-  Township Plan  အရတော့ ကျန်းမာရေး ဌာနတွေက အမြင့်ပိုင်းမှာ ရောက်သွားပြီပေါ့နော်။ အဲ ဒီလိုရောက်သွားပြီဆိုရင် ကျန်းမာရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ပါ့မလား ဆရာ။ အဲဒီလို လုပ်ဖို့အတွက်ကျရင် ဘာတွေလိုအပ်လဲခင်ဗျ။

ဖြေ-အဓိကကတော့ disaster သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ အသိပေါ့နော်။ ဒါလေးကိုတော့ post disaster manegement အဲဒါကတော့ သဘာဝ ဘေးဖြစ်ပြီးနောက်ပိုင်းမှာ ဒါလေးကိုလုပ်ဖို့လိုတယ်။ ပြည်သူတွေသိဖို့ ကိုယ့်ဝန်ထမ်းတွေက ဒါလေးတွေ သိဖို့လိုတယ်။ နောက် “Drill”လုပ်ဖို့လိုတယ်။ ဥပမာ မီးသတ်တွေက မီးမလောင်ခင်မှာ “Drill” လုပ်သလို‌ပေါ့။ အပြင်မှာကြိုလေ့ကျင့်သလိုပေါ့။ သဘာဝဘေး တစ်ခုဖြစ်လာရင် ဘယ်သူက ဘာလုပ်ရမယ်ဆိုတာမျိုးပေါ့။ ကြိုပြီးတော့ စည်းချက်ဝါးချက်ကိုထားရင် ပို ပြီးတော့ လက်တွဲညီညီလုပ်နိုင်မှာပေါ့။ အခုကတော့ ပြဿနာက နှစ်(၇၀)အတွင်းမှာ ပထမဆုံးဖြစ်တာ။ မဖြစ်ဖူးတော့ ပြည်သူတွေက ဘာလုပ်ရမှန်းမသိတော့ဘူး။ ကယ်ဆယ်ရေးလုပ်မယ့် လူတွေကလည်း ဘာစကိုင်ရမှန်းမသိတဲ့ပုံစံမျိုး ဖြစ်တတ်တာပေါ့။ disaster နဲ့ပတ်သက်ပြီးတော့ သီအိုရီအရ သိထားတဲ့ လူတွေတောင်မှ ကျန်းမာရေးပေါ့နော်၊  တခြားဟာကိုပြောတာတော့ မဟုတ်ပါဘူး။ အဲဒါကို ဘယ်ကစရ မှန်းမသိတာ ဖြစ်တက်တယ်။ အဲဒါကြောင့် “Drill”လုပ်ဖို့တော့ လိုတာပေါ့။ disaster မှာ သူများနိုင်ငံ တွေမှာ လုပ်တယ်။ ရေကြီးလာရင် ဘာတွေလုပ်မလဲ။ ကယ်တဲ့လူတွေက ကယ်ကြမယ်။ ကျန်းမာရေးက ကျန်းမာရေး အလုပ်လုပ်မယ်။ နောက်ဘယ်နေရာကို ရွှေ့မယ်ဆိုတဲ့ အစတည်းကအတိုင်း Plan တစ်ခု အနေနဲ့ Master plan နဲ့ “ Drill ” လုပ်ထားကြတယ်။ ဂျပန်လိုနိုင်ငံမျိုး မှာပေါ့။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း အဲဒီလိုမျိုး အလေ့အထလေးတွေ လုပ်ထားဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး- အဲဒီတော့ သဘာဝဘေးကြိုတင်ကာကွယ်ဖို့  Township Plan လိုတယ်။ အဲဒီ Township Plan ကို ပံ့ပိုးဖို့အတွက် Plan တစ်ခုထပ်ပြီး လိုအပ်တာလား ဆရာ။ 

ဖြေ-ဟုတ်ပါတယ်။Plan ဆိုတာကလည်း  disaster response နဲ့ပတ်သက်ပြီး Plan ပေါ့နော်။ Town­ship Plan ကတော့ အကုန်လုံးနဲ့ဆိုင်တာပေါ့နော်။ Securation အရ လိုအပ်မယ့်အရာလေး တွေကို ဘယ်နားဘာထားမယ်ဆိုတာမျိုး အဲဒီ Plan ပေါ့။ ဒါကတော့ ရုပ်ဝတ္ထုအရပေါ့နော်။ နောက်တစ် ဖက်က ကျတော့ activity နဲ့ပတ်သက်ပြီးတော့ Plan တစ်ခု လိုတာပေါ့။ နောက်တစ်ခါဒီလိုရေကြီးရင် ဘာလုပ်မလဲ။ အဲဒီဘာလုပ်မလဲဆိုတာနောက်မှာ အဲဒီ Township Plan တွေအားလုံးပါသွားမှာပေါ့။ လူတွေကို ဘယ်လိုကယ်မလဲဆိုတာတွေနဲ့ လူတွေဘယ်လို လုပ်ဆောင်ရမလဲဆိုတွေ အကုန်ပါသွား တာပေါ့။ 

မေး-ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဌာနတွေ က ဥပမာဆင်သေရွာက ကျန်းမာရေးဌာနလိုမျိုး ရှိနေ ကြတယ်လို့ ယူဆလို့ရလားခင်ဗျာ။ မြေနိမ့်ပိုင်းမှာရှိနေ တာမျိုးတွေနဲ့ တစ်ခုခုဖြစ်ရင် ကျန်းမာရေး ဌာနက အရင်ပါသွားတာမျိုးတွေဖြစ်နိုင်တဲ့နေရာတွေမှာ အများစု ရှိနေကြလားခင်ဗျ။

ဖြေ-အဲဒါကတော့ ကျွန်တော်တို့ ကျန်းမာရေးဌာနတင် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ Tow­nship Plan ပေါ့နော်။ ပြောရရင် အဲဒီအားနည်းချက်လေးတွေ ရှိတယ်လို့တော့ ကျွန်တော်မြင်မိတယ်။ ဘာလို့ လဲဆိုတော့ တချို့နေရာတွေမှာဆိုရင် တိုက်နယ် ဆေးရုံ(၂)ရုံက လှမ်းခေါ်ရင်ကြားရတဲ့ အနေအထား မှာဖြစ်တယ်။ ဒါတွေက Plan  အရ မဖြစ်သင့်ဘူးပေါ့ လေ။ ဒီဟာက မလိုအပ်ဘဲဖြစ်နေတာ။ အဲဒီ အတွက် တချို့နေရာတွေကျတော့လည်း လေး ငါး ဆယ်မိုင် ပြည့်မှ ကုန်းကြီးကျော်ပြီးမှ နောက်ထပ် ကျေးလက် ကျန်းမာရေးဌာနကိုရောက်တယ်။ ဒီလိုတွေကတော့ မဖြစ်သင့်ဘူး။ သေချာကို ဘယ်နား ဘယ်နားကတော့ လိုအပ်တယ်။ ဒီနေရာကတော့ မလိုအပ်ဘူး။ ဒါက လည်း အရင် လွှတ်တော်တွေ ကာလမှာ ကိုယ်စားလှယ်တွေက ဝိုင်းဝန်းတောင်းကြတာကိုး။ ကိုယ့်နေရာကိုယ် ရအောင် ကျေးလက် ကျန်းမာရေးဌာနဆောက် ပေးမယ်။ ဒီလို ဝိုင်းဆောက်ကြတော့ အရမ်းကပ်သွား တာမျိုးတွေရှိသွား တာပေါ့။ အဲဒီလိုပဲ disaster နဲ့ ပတ်သက်ပြီးတော့ ဧရာဝတီတိုင်းမှာတော့ နာဂစ်ဖြစ် ပြီးတည်းက အဲဒီ Plan လေးကိုဆွဲကြတော့ စနစ်ကျ တယ်ပြောရမှာပဲ။ ကျန်တဲ့နေရာတွေမှာတော့ မဖြစ် သေးလို့ပဲ ဒီလို ဆက်လုပ်နေတာလား။ ဒါမှမဟုတ်ရင် disaster prone လို့မထင်လို့လားပေါ့။ ဒီလိုမျိုးတော့ Township Plan မှာ အားနည်းချက်လေးတွေ ရှိ တယ်လို့မြင်ပါတယ်။

မေး-အဲဒီလိုမျိုးလုပ်မယ်ဆိုရင် အဓိကတော့ မြို့မိမြို့ဖတွေရဲ့ တာဝန်လည်းရှိတာပေါ့နော်။ မြို့မိမြို့ဖ တွေမှာကော အဲဒီအမြင်မှာ အားနည်းချက်ရှိတယ်လို့ မြင်လားပေါ့နော်။ အဲဒီ မြို့မိမြို့ဖတွေကိုလည်း ဘာ တွေတိုက်တွန်းချင်ပါသလဲ ခင်ဗျာ။

ဖြေ- ရှိတယ်လို့မြင်ပါတယ်။ disaster နဲ့ ပတ်သက်ပြီးရင် အခုအချိန်ထိ ပုရွက်ဆိတ်အပေါ်ကိုတက်မှ ရေကြီးမယ်လို့ထင်တဲ့အဆင့်ကနေ တက်မလာသေး ဘူးပေါ့နော်။ ဒီဟာမှာလည်း တချို့ကျေးရွာတွေက စောစောပြောင်းနိုင်တယ်။ ဘာလို့လဲမေးတော့ ဒီအ ဆိပ်ရှိတဲ့သတ္တဝါတွေက ဥပမာ- မြွေပွေးလိုအကောင် မျိုးတွေ အိမ်ပေါ်မှာတွေ့နေရတယ်။ အဲဒီတော့ ရေကြီးမယ်လို့ သူတို့ယူဆတယ်။ ဒီလိုပဲ ရှေးရိုးတွေနဲ့ သွားနေတယ်ပေါ့နော်။ တကယ်တော့ အဲဒီလိုမ ဟုတ်ဘဲနဲ့ သိပ္ပံနည်းကျကျ ဘယ်လိုအချက်အလက် နဲ့ဆိုဘာဖြစ်နိုင်မလဲ၊ ဖြစ်ခဲ့ရင် ဘာဖြစ်နိုင်မလဲ အဲဒီ လိုဟာမျိုး စနစ်တကျ ဥပမာ- မိုးလေဝသကို ဖတ် တတ်တဲ့အလေ့အကျင့်၊  မိုးထစ်ချုန်းရွာမယ်ဆိုရင် ဘာဖြစ်မလဲပေါ့နော်။ နောက်ပြီး နိုင်ငံတော်အကြီး အကဲတွေပြောတဲ့အထဲမှာလည်း ပါပါတယ်။ ဌာန ဘက်ကလည်း ပြည်သူတွေနားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းလေးတွေနဲ့ သုံးရမယ့်အလေ့အကျင့် ဒီလိုလေး ဟန်ချက်ညီအောင်လုပ်ဖို့တော့ အများကြီး လိုအပ်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးအသိပညာပဲဖြစ်ဖြစ်၊ ဘယ်အသိပညာ မဆိုပါ နည်းနည်းလေးအားနည်းချက်လေးတွေ ရှိတယ်။ ဒါတွေကိုတော့ အချိန်တစ်ခုယူပြီးတော့ ပြုပြင် ပြောင်းလဲဖို့တော့လိုတယ်။ ဒါကတော့ တန်းပြီး တော့မဖြစ်နိုင်ဘူးပေါ့လေ။ ပညာရေး အဆင့်အတန်း အစ ဖြည်းဖြည်းချင်း မြှင့်တင်ပြီးလုပ်ရမယ်။ အဲဒီကမှ လူတွေက သဘာဝဘေးအပေါ်ပဲဖြစ်ဖြစ်၊ ကျန်းမာ ရေး၊ ပညာရေးပေါ်ပဲဖြစ်ဖြစ် အမြင်တွေ သူတို့ရဲ့ ကောက်ချက်ဆွဲတာတွေ သူတို့ရဲ့တုံ့ပြန်တာတွေက အချိန်တစ်ခုရောက်လာရင် အဲဒီလိုသာ ဟန်ချက် ညီညီလုပ်လာရင် တိုးတက်သွားမယ်လို့ မြင်ပါတယ်။

မေး-အရေးပေါ်သဘာဝဘေးအတွက်ပေါ့နော်။ တစ်ခုခုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့အတွက် ဆရာ ပြောခဲ့တဲ့ Township Plan ဖြစ်လာဖို့ ပြည်သူတွေက အစိုးရကိုဘာတွေတောင်းဆိုသင့်သလဲဆရာ။ အစိုးရကကော ဘယ်လောက်ထိ စဉ်းစားပေးသင့်လဲ။ 

ဖြေ-အဓိကတော့ ပြည်သူတွေအနေနဲ့ သဘာဝဘေး တစ်ခုဖြစ်လာရင် ခိုနားရာ၊ ပြေးမယ့်နေရာတစ်ခုပေါ့ နော်။ ဒီလိုအရာမျိုးတွေ ဒေသတစ်ခုမှာ တစ်ခုထား ပေးဖို့ တောင်းဆိုလို့ရတယ်။ သူတို့က အဲဒီလောက်ပဲ လုပ်နိုင်တယ်။ သူတို့မှာ ကျန်းမာရေးဖြစ်လာရင် ဘယ်လိုလုပ်ပေးပါတော့ လုပ်နိုင်မှာမဟုတ်ဘူးပေါ့နော်။ အဲဒီတော့ သူတို့တောင်းဆိုရမှာက အကယ်၍ တကယ်ဖြစ်လာရင် ဘယ်နားသွားရမလဲ။ ဘယ်နား ဆေးခန်းသွားပြရမလဲ။ အဲဒီလိုတွေတော့ တောင်း ဆိုလို့ရမယ်။ ပြည်သူတွေက မတောင်းဆိုရင်လည်း အစိုးရဌာနဘက်က ထည့်သွင်းစဉ်းစားပေးပြီး လုပ် ပေးရမှာ။ ဒါကြီးက ပြည်သူတွေထက်ပိုပြီးတော့ အစိုးရက အမြင်ကျယ်ပါတယ်။ အဲဒီတော့ အစိုးရက လုပ်ပေးဖို့လိုတယ်။ ဒါပေမဲ့ တချို့ပြည်သူတွေက အခုကျန်းမာရေးဌာနက အိမ်နားမှာနီးတယ်။ အပေါ် တက်လိုက်မှ သွားပြရတာဝေးသွားတယ်ဆိုတဲ့ အမြင်တွေလည်းရှိနိုင်တယ်။ အဲဒီတော့ တစ်ယောက်ချင်းအမြင်ကိုထည့်သွင်းစဉ်းစားနေရင် တချို့ ကလည်း ရွှေ့တာကြိုက်မယ်၊ တချို့ကလည်း ရွှေ့တာ မကြိုက် ဘူးဆိုတာတွေကလည်း ဖြစ်လာနိုင် တယ်။ အဲဒါကို အစိုးရဘက်က Plan ကိုသေချာဆွဲပြီးတော့ သေချာ လေး ဒါကဖြစ်သင့်တယ်၊ ဘာ ကြောင့် ဒီလိုရွှေ့ရတာ ဆိုတာမျိုးကို ပြည်သူကိုပြန်ပြီး ပြောပြသင့်တယ်။ ပြည်သူကို ပြန်ပြီးတော့ စည်းရုံးပြီးတော့ နေရာရွှေ့ တာမျိုးလုပ်သင့်တယ်။ ပြည်သူကတင်ပြတာတော့ အများကြီးရှိနိုင်တယ်။

မေး-ကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိတဲ့လူ တွေက သူတို့မှာ သဘာဝဘေးနဲ့ပတ်သက်ပြီး လုံ လောက်တဲ့ ဗဟုသုတတွေရှိတယ်ထင်လား ဆရာ။

ဖြေ- သူတို့မပြောနဲ့ ကျွန်တော်တို့အဆင့်မှာတောင် ရှိပါတယ်။ သီအိုရီအရတော့ သိပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး သဘာဝဘေးတစ်ခုဖြစ်ပြီဆိုရင် ဝမ်းရောဂါဖြစ်တတ်တယ်။ သွေးလွန်တုပ်ကွေးဖြစ် တတ်တယ်။ ဒဏ်ရာတွေရတာဖြစ်တတ်တယ်။ ကူး စက်ရောဂါတွေဖြစ်တတ်တယ်။ မကူးစက်နိုင်တဲ့ရော ဂါတွေကလည်း ဆေးဝါးတွေပြတ်လို့ဖြစ်နိုင်တယ် ဆိုတာကလည်း ဒါတွေကဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ စီမံခန့်ခွဲမှုမှာက လည်း စက်ဘီးစီးတာတို့၊ ရေကူးတာတို့စတဲ့ အခြေ ခံလေးတွေတောင်မှ သေချာလေ့ကျင့်နေမှ ကျွမ်း ကျင်မှုအပိုင်းဆိုတာရှိတာကိုး။ အဲဒီတော့ ဒီဟာကို သီအိုရီအရနဲ့ လေ့ကျင့်မှုအပိုင်းတွေကိုတော့ တောက် လျှောက်လုပ်နေဖို့လိုတယ်လို့ မြင်ပါတယ်။ သူတို့ အဆင့်မှာတင်မဟုတ်ပါဘူး။ မြို့နယ်အဆင့်တွေနဲ့ ကျွန်တော်တို့လို ဆရာဝန်အဆင့်တွေမှာတောင် အား နည်းချက်တွေရှိမှာပါ။

မေး-ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အများပြည်သူ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက သဘာဝ ဘေးနဲ့ပတ်သက်ပြီး လျှော့တွက်တဲ့အနေအထားမျိုး တွေရှိလားခင်ဗျာ။

ဖြေ-သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ လျှော့တွက် တဲ့ဌာနရယ်လို့တော့မရှိပါဘူး။ ကျွန်တော်တို့ဌာနတွေ ဆိုရင် မိုးရွာရင် ရေကြီးနိုင်တယ်ဆိုတဲ့အသိကြောင့် တချို့ဟာတွေ ဥပမာ- ECG  လိုစက်မျိုးတွေကို အ မြင့်ပိုင်းကို ရွှေ့ထားကြတာတွေရှိပါတယ်။ ပျက်စီးနိုင် တဲ့ အရာတွေ‌ရွှေ့တာတို့တော့ ရှိပါတယ်။ ကိုယ့် အဝန်း အဝိုင်းထဲမှာ စီမံခန့်ခွဲမှုတော့ရှိပါတယ်။ ကျေးရွာလူထု လိုတော့ အဲဒါကြီးက ငါတို့ တစ်သက် တစ်ခါမှ မမြင် ဖူးဘူး။ ငါတို့ဆီလာမှာမဟုတ်ပါဘူးဆိုပြီး လျှော့တွက် တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ တကယ်ဖြစ်လာ တဲ့အချိန်မှာ ခြေမကိုင်မိလက်မကိုင်မိတော့ ဖြစ်တာ ပေါ့။ ဒါကလည်း သဘာဝ ဘေးကိုလျှော့တွက်တာ မျိုးမဟုတ်ဘဲနဲ့ မကြုံတွေ့ဖူးတဲ့အခြေအနေကြီးကို ဝုန်းခနဲကြုံတွေ လာရလို့ မှင်သေသွားတဲ့ ပုံစံမျိုးတွေ တော့တွေ့ရတယ်။ အဲဒီတော့ ဒီလိုမျိုးဖြစ်လာရင် ဘာလုပ်ရမလဲဆိုတာကို လေ့ကျင့်နေဖို့လိုတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ဆရာဝန်တစ်ယောက်တည်းက ဒါမျိုးကို လေ့ကျင့်ထား လို့မရဘူး။ အဲဒီမှာရှိတဲ့ သန့် ရှင်းရေးကအစ၊ ယာဉ်မောင်းအထိ Team နဲ့ လုပ် တတ်တဲ့အကျင့်ရှိထားမှာ ဒါကြီးကို ကယ်ဆယ်နိုင် မှာပါ။ ဒီ drill  က အများကြီး လိုအပ်ပါတယ်။

မေး- ဟုတ်ကဲ့ပါဆရာ။ နောက်တစ်ခုက ကျေးလက် ကျန်းမာရေးဌာနတွေမှာ အခုသဘာဝဘေးနဲ့ပတ် သက်ပြီး ဆေးဝါးတွေ အလုံအလောက် ရှိပါသလား။ ဘာများ ထပ်ဖြည့်ဖို့လိုအပ်ပါသလဲ။

ဖြေ-ပုံမှန်လည်း ကျန်းမာရေးလုပ်တဲ့ program  တွေမှာ ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ်မယ်။ ကာကွယ်ဆေးဘယ်လိုထိုးမယ်။ ဒါတွေက ခုတင်နဲ့ ချိန်ပြီးတော့ ခုတင်(၁၀ဝ)ဆို(၁၀ဝ)။ ခုတင်(၂၀ဝ)ဆို (၂၀ဝ) အလုံအလောက်ရှိပါတယ်။ သို့သော် ဒီကာ လမှာ ဖြစ်နိုင်တာပေါ့နော်။ ဒါတော့ ကျွန်တော်လည်း စာရင်းအတိအကျတော့မသိဘူး။ ဆေးဝါးတွေလည်း ပျက်စီးမှုအနည်းငယ်တော့ ရှိသွားနိုင်တယ်။ ဒီဟာ တွေမှာ ပြည်သူတွေကိုစောင့်ရှောက်မှုအပိုင်းမှာ လူအရရော၊ နေရာအရရော ဆေးဝါးအရရော ဒီသ ဘာဝဘေးကြောင့် အနည်းငယ်တော့ အားနည်းမှုဖြစ် သွားနိုင်တယ်။ ဒါကိုတော့ စာရင်းအတိအကျ ရလာရင် ဘယ်နေရာကို ဘယ်လို ထပ်ဖြည့်ရမယ်ဆိုတာတော့ လုပ်ဖို့လိုတယ်လို့မြင်မိတယ်။ သဘာဝ ဘေးဖြစ်တဲ့ နေရာတွေမှာ ဘယ်လို သဘာဝဘေးအန္တရာယ်ဖြစ်လဲ ဆိုတာပေါ်မူတည်ပြီး ဥပမာ-ဝမ်း ရောဂါဖြစ်တတ်တယ်ဆိုရင် ဝမ်းရောဂါနဲ့ဖြစ်တတ်တဲ့ ဓာတ်ဆားထုပ်။ နောက်တစ်ခုက ချိတ်မယ့်ပုလင်း တွေ၊ နောက်တစ်ခု က ရေကိုခတ်မယ့်ကလိုရင်းတွေ ရေသန့်ဆေးပြား တွေ။ ဆေးပြားတွေကို အရင်က ထက်ပိုပြီး ပြင်ဆင် ထားရမယ်။ ဒါပေမဲ့ ရေတက်လာရင် ဘာမှမလုပ်နိုင်ဘဲ ပါသွားနိုင်တာဖြစ်တဲ့အတွက် မြင့်တဲ့နေရာတွေမှာပြင် ဆင်ထားဖို့တော့လိုအပ်တာပေါ့နော်။ နောက်ဆုံးပြော ချင်တာကတော့ ပြည်သူ တွေပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေ ပဲဖြစ်ဖြစ် သဘာဝဘေးနဲ့ပတ်သက်ပြီး ပေါ့ဆလို့ မရဘူး။ သဘာဝ ဘေးနဲ့ ပတ်သက်ပြီး အသိတွေက မြှင့်ထားဖို့လိုတယ်။ ကိုယ်ကလည်း ဒီဗဟုသုတတွေ ကို ရှာထားဖို့လိုသလို နိုင်ငံတော်အစိုးရဘက်ကလည်း ဒီသဘာဝဘေးနဲ့ပတ်သက်ပြီး ရေကြီးလာရင် ဘာလုပ်ရမယ်၊ ဘာတွေ လုပ်သင့်တယ်။ မိုးလေဝသကို ဘယ်လိုကြည့်ရမယ်ဆိုတဲ့ အသိပညာပေးတွေကို ဖြန့်ဝေတဲ့အလုပ်တွေကို အရင်ထက်ပိုလုပ်သင့်တယ်။ မီဒီယာကနေမှမဟုတ်ဘဲနဲ့ ရပ်ကွက်တွေထဲ ကွင်း ဆင်းပြောတာတို့ လေ့ကျင့်ပေးတာတို့လုပ်သင့်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved