ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်၊ ဘရာဇီး နိုင်ငံအပါဝင်ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများ ပူးပေါင်းပါဝင်မည့်ငြိမ်းချမ်းရေးအတွက်မိတ်ဆွေနိုင်ငံ များ အဖွဲ့ကို ဖွဲ့စည်းတည်ထောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။ ဝမ်ယိက “ တရုတ်၊ ဘရာဇီးနိုင်ငံတို့အပြင် ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိနေတဲ့ နိုင်ငံတွေ ပူးပေါင်းပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိမယ့် အဖွဲ့အစည်းတစ်ခုတည်ထောင်မယ်။ မကြာခင်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး အတွက်မိတ်ဖက်နိုင်ငံများအဖွဲ့အစည်းကို တည်ထောင်သွားမယ်။ တရုတ်နိုင်ငံ ၊ ဘရာဇီး နိုင်ငံနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းမယ်” ဟုပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲသည် (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှုများ အပြန်အလှန် လုပ်ဆောင်နေဆဲဖြစ်သည်။ ဘရာဇီးနှင့် တရုတ်နိုင်ငံတို့သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်စေရန်ရည်ရွယ်ချက်ဖြင့် ကြားဝင် ကြိုးပမ်းခဲ့ဖူးပြီး ပြီးခဲ့သော မေလအတွင်း အချက်ခြောက်ချက်ပါသော ပူးတွဲထုတ်ပြန် ချက်ကိုထုတ်ပြန်ခဲ့ဖူးကြောင်းသိရသည်။ ရုရှားနှင့် ယူ ကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက် အုပ်စုနိုင်ငံ များသည် ရုရှားကို တစ်ဖက်သတ် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ရုရှားကို အထီးကျန်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ရုရှားနိုင်ငံ နှင့်အပြန်အလှန် ဆက်ဆံမှုများ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။
ဘရာဇီးနှင့်တရုတ်နိုင်ငံတို့ ပူးပေါင်းထုတ်ပြန်ခဲ့သော အချက် ခြောက်ချက်ပါသည့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးအဆိုပြုချက်ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ) ကျော်က အပြုသဘောဆောင်သော တုံ့ပြန်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ