အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
အစ္စရေးစစ်တပ်ဟာ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံမြို့တော် ဘေရွှတ်မြို့ကို စက်တင်ဘာ ၂၇ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဟတ်ဆန်နာရယ်လာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုတွေဖြစ်လာခဲ့ရာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟစ်ဘိုလာအဖွဲ့ဝင်တွေ အသုံးပြုတဲ့ပေဂျာဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲခဲ့ရာ တင်းမာမှုအရှိန်ပိုမိုမြင့်တက် လာခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို ဟစ်ဘိုလာအဖွဲ့ဝင်တွေရဲ့လက်နက်သိုလှောင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကလက်ဘနွန်နိုင်ငံတောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ဟစ်ဘိုလာအဖွဲ့ ဒုံးကျည်တပ်ဖွဲ့ ခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင်တို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အစ္စရေးက ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေဟာ အလွန်တိကျမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟစ်ဘိုလာ အဖွဲ့ကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ ရော့ကဒ်ဒုံးကျည်တွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြား အပြန်လှန်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်ဘနွန်နိုင်ငံသား အနည်းဆုံး ၈ဝဝ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးက ဟစ်ဘိုလာအဖွဲ့ရဲ့ လက်နက်သိုလှောင်ရာနေရာတွေကို တိုက်ခိုက်ဖို့ ဘေရွတ်မြို့ကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ