ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၈
ဟာရီကိန်းမုန်တိုင်း ဟီလီနီကြောင့် အမေရိကန်နိုင်ငံရှိလမ်းများအပေါ်တွင် ရေကြီးမှုများဖြစ်ပွားခဲ့ကာ အနည်းဆုံး လူပေါင်း ၄၃ ဦး သေဆုံးကြောင်း သိရသည်။
ဟီလီနီမုန်တိုင်းသည် အမေရိကန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော အားအပြင်းဆုံး ဟာရီကိန်းမုန်တိုင်းများ ထဲတွင် အဆင့် ၁၄ နေရာတွင် ရှိနေကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာပြည်နယ် ကာရိုလိုင်းနားပြည်နယ် နှင့် Tennessee ပြည်နယ်တို့ အဆိုးရွားဆုံးခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် စက်တင်ဘာ ၂၆ ရက်က ဖလော်ရီဒါပြည်နယ်ကို စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီ လေတိုက်နှုန်းက ၁၄ဝ မိုင်နှုန်းဖြစ်ကြောင်း သိရသည်။ မုန်တိုင်းကြောင့် သစ်ပင်များ၊ အိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်းသန်းချီ လျှပ်စစ်မီးပြတ်တောက်မှုများဖြင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ပြည်နယ်များတွင် ရေကြီးမှုများဖြစ်ပွားလာခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များသည် လှေများ၊ ရဟတ်ယာဉ်များ နှင့် ကြီးမားသောယာဉ်များအသုံးပြုကာ ရေထဲ ပိတ်မိနေသူများကို ကယ်တင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အာမခံလုပ်ငန်း နှင့် ဘဏ္ဍာရေးအင်စတီကျူရှင်းများက မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ဆုံးရှုံးနစ်နာဖွယ်ရှိနေကြောင်း ပြောသည်။ မုန်တိုင်းကြောင့် သစ်ပင်များ လဲကျခဲ့ရာ အိမ်များ၊ ကားများအပေါ်သို့ ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများထဲတွင် ၂ဝ၁၇ ခုနှစ်တွင် တိုက်ခတ်ခဲ့သော Ida မုန်တိုင်းက အားအပြင်းဆုံးဖြစ်ခဲ့ပြီး တစ်နာရီ လေတိုက်နှုန်း ၄၂ဝ မိုင် ဖြစ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
RELATED POSTS
02 Oct 2024 | အထွေထွေ,ပြည်တွင်း
01 Oct 2024 | အထွေထွေ,နိုင်ငံတကာ