မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
Pika (NSS) - စက်တင်ဘာ ၂၆
တူရကီနိုင်ငံမှ ဘတ်စကတ်ဘောပရော်ဖက်ရှင်နယ်အမျိုးသားတစ်ဦးသည် မျက်လုံးကိုအဝတ်စဖြင့်စည်းကာ (၆၅)ပေ(၇)လက်မအကွာအဝေးမှတစ် ဆင့် ဘတ်စကတ်ဘောလုံးကို အောင်မြင်စွာပစ်သွင်းပြနိုင်ခဲ့ပြီးနောက် ၎င်း၏တတိယမြောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။
အသက်(၄၂)နှစ်အရွယ် Osman Gürcü ဆိုသည့်အမျိုးသားသည် မျက်လုံးကိုအဝတ်စဖြင့်စည်းကာ အကွာအဝေးပေ(၆၀)မှတစ်ဆင့် ဘတ်စကတ် ဘောကို အောင်မြင်စွာသွင်းပြနိုင်ခဲ့သည့် ယခင်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်စက်တင်ဘာလ(၁၂)ရက်နေ့တွင် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ ဘတ်စကတ်ဘောပရော်ဖက်ရှင်နယ်အမျိုးသားတစ်ဦးသည် မျက်လုံးများကို အဝတ်စဖြင့်စည်းထားကာ ပေ(၆၀) အကွာအဝေးမှတစ်ဆင့် ဘတ်စကတ်ဘောလုံးကို အောင်မြင်စွာသွင်းပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း Osman Gürcü သည် (၆၅)ပေ(၇)လက်မအကွာအဝေးမှတစ်ဆင့် ဘတ်စကတ်ဘောလုံးကိုအောင်မြင်စွာသွင်းပြကာ အဆိုပါအမေရိကန်အမျိုးသား၏ဂင်းနစ်စံချိန်ကို ယခုကဲ့သို့ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အသက်(၄၀)ကျော်အရွယ် ဘတ်စကတ်ဘောအသင်းတွင်ကစားနေသည့် Osman Gürcü သည် ဘတ်စ်ကတ်ဘောလုံးကို အကွာအဝေး (၃၆) ပေ (၁ ဒသမ ၀၇)လက်မမှတစ်ဆင့် နောက်ပြန်ပစ်ကာသွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ဖူးကြောင်းလည်း သိရသည်။
ထို့ပြင် Osman Gürcü သည် အကွာအဝေး(၉၈)ပေ(၅)လက်မမှတစ်ဆင့် ဘတ်စကတ်ဘော bounce shot ကို အောင်မြင်စွာသွင်းယူပြကာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားသူဖြစ်ကြောင်းလည်း သိရသည်။ Osman Gürcü က "ကျွန်တော်ငယ်ငယ်တည်းက အကွာအဝေးတစ်ခုကနေ ဘတ်စကတ်ဘောလုံးကို သွင်းယူရတာလိုမျိုး လှည့်ကွက်ပစ်ချက်တွေကို စိတ်ဝင်စားခဲ့တာပါ။ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ဖို့က ကျွန်တော့်ရဲ့အိမ်မက်ပါပဲ"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
![](https://nssmy.com/ads/f-3-23-08-2022630475dc2221a.jpg)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
RELATED POSTS
26 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
20 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ