BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ
Pika (NSS) - စက်တင်ဘာ ၂၆
အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အစိုးရဟာ BRICS စီးပွားရေးဖိုရမ်မှာ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ရုရှားမှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ စက်တင်ဘာလ(၂၄)ရက်နေ့မှာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ BRICS ထိပ် သီးအစည်းအဝေးကို အောက်တိုဘာလ(၂၂)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ရုရှားနိုင်ငံ ကာဇန်မြို့မှာကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အာဖဂန်နစ္စတန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖစ်ရက်က "အဓိကအရင်းမြစ်တွေရှိတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေဟာ BRICS အဖွဲ့ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ ရုရှားတို့နဲ့ ဆက်စပ်နေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့နဲ့ သူတို့ကြားမှာ ကောင်းမွန်တဲ့ စီးပွားရေးဆက်ဆံမှုတွေနဲ့ အပြန်အလှန်ကူးသန်းရောင်းဝယ်မှုတွေ ရှိပါတယ်။ BRICS အဖွဲ့ရဲ့စီးပွားရေးဖိုရမ်တွေမှာပါဝင်ပြီး ကျွန်တော်တို့ကြားကဆက်ဆံရေးကို ချဲ့ထွင်ဖို့စိတ်အားထက်သန်နေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အစိုးရကို ဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုထားပေမယ့်လည်း တရုတ်နဲ့ရုရှားတို့အပါအဝင် BRICS အဖွဲ့တည်ထောင်တဲ့နိုင်ငံတွေနဲ့ တာလီဘန်အစိုးရရဲ့ဆက်ဆံရေးတွေဟာ တဖြည်းဖြည်းတိုးမြင့်လာနေတယ်လို့လည်း သိရပါတယ်။ မကြာသေးခင်အချိန်က တိုးချဲ့မှုတွေလုပ်ဆောင်ခဲ့တဲ့ BRICS အဖွဲ့ဟာ တာလီဘန်အစိုးရရဲ့ ပြောဆိုချက်တွေကို လူသိရှင်ကြားမှတ်ချက်ပြုတုံ့ပြန်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံမှာ ကျင်းပမယ့် BRICS ဖိုရမ်ကို တက်ရောက်ဖို့ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ၎င်းတို့မှာဘာသတင်းအချက်အလက်မှမရှိသေးဘူးလို့ အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ရုရှားနဲ့တရုတ် နှစ်နိုင်ငံစလုံးဟာ အာဖဂန်နစ္စတန်နိုငငံမှာ စီးပွားရေးစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံဖို့နဲ့ ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ တာလီဘန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ၎င်းတို့ရဲ့အဆင့်သင့်ဖြစ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ