မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်

ယွန်း(NSS) - စက်တင်ဘာ ၂၆
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်မှုများကို ပြီးခဲ့သည့် စက်တင်ဘာ(၂၄)ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် အတိုးနှုန်းများအရ ငွေစုဘဏ်အတိုးနှုန်းကို (၉) ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအတိုးနှုန်းကို (၁ဝ) ရာခိုင်နှုန်းတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စာရင်းသေအပ်ငွေအတိုးနှုန်းများအတွက် (၁)လအပ်ငွေ ၉ ရာခိုင်နှုန်း၊ (၃)လအပ်ငွေ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ (၆)လအပ်ငွေ ၁၀ ရာခိုင်နှုန်း၊ (၉)လအပ်ငွေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ (၁)နှစ်အပ်ငွေ ၁၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည်။
အဆိုပါအတိုးနှုန်းများအရ အပ်ငွေအမျိုးအစားပေါ် မူတည်၍ အနည်းဆုံး (၉)ရာခိုင်နှုန်းနှင့် အများဆုံး (၁၁)ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ(၁)ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့်စက်တင်ဘာ(၁)ရက်မှစ၍ ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်အတွက် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်ခဲ့ရာ ဗဟိုဘဏ်၏အတိုးနှုန်းအား ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။
အလားတူ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ကောက်ခံရန် ဗဟိုဘဏ်က သတ်မှတ်ထားပြီး ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဗဟိုဘဏ်က ပြီးခဲ့သည့် သြဂုတ်(၁၄)ရက်နေ့က ထုတ်ပြန်ထားသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
RELATED POSTS
22 Apr 2025 | စီးပွားရေး,ပြည်တွင်း
02 Apr 2025 | စီးပွားရေး,ပြည်တွင်း