ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
Pika (NSS) - စက်တင်ဘာ ၂၄
အစ္စရေးနှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်သည့် အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်သည် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းမကုန်ဆုံးမီအချိန်အတွင်း ဖြစ်နိုင်ဖွယ်မရှိဟု အမေရိကန်အရာရှိ များက ယုံကြည်နေကြကြောင်း Wall Street Journal ကရေးသားဖော်ပြခဲ့သည်။ အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန်စစ်ဌာနချုပ် တို့၏ ထိပ်တန်းအရာရှိများကို ကိုးကားပြီး WSJ က ယခုကဲ့သို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း အဆိုပါအရာရှိများမှာ မည်သူ ဖြစ်သည် ဆိုသည့်အချက်ကို WSJ က ဖော်ပြခဲ့ခြင်း မျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ အဆိုပါဖော်ပြချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ယင်းအဖွဲ့အစည်းများက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ပင်တဂွန်ပြော ရေးဆိုခွင့်ရှိသူဆာဘရီနာဆင်းချ်က "ဂါဇာကမ်း မြောင်ဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ မဖြစ်နိုင်ဘူးဆိုတာကို ကျွန် တော်တို့ယုံကြည်တာမျိုးမရှိဘူးလို့ပဲပြောနိုင်ပါတယ်"ဟုပြောဆိုခဲ့သည်။ ဆာဘရီနာဆင်းချ်သည် WSJ ၏ ရေးသားဖော်ပြချက်များ မထွက်ပေါ်လာမီ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဂါဇာကမ်းမြောင် ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ (၉ဝ)ရာခိုင်နှုန်းခန့်ကို သဘောတူထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန်က ပြီးခဲ့သည့်သီတင်းပတ်(၂)ပတ်ခန့်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အမေရိကန်၊ ကာတာနှင့်အီဂျစ်တို့၏ ကြားဝင်စေ့စပ်သူများသည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်အတွက် လပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူပေးနိုင်ခြင်းမျိုးမရှိသေးကြောင်းသိရသည်။
ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အရှေ့အလယ်ပိုင်းဒေသ တစ်ဝန်းတွင် တင်းမာမှုများကို လျော့ကျစေနိုင်ကြောင်း အမေရိကန်ကပြောဆိုထားသည်။ ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့တွင် ဂျိုးဘိုင်ဒန်သည် အဆင့်သုံးဆင့် ပါဝင်သော အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို တင်ပြခဲ့ကြောင်းသိရသည်။ သို့သော်လည်း အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ သည် အတားအဆီးများနှင့်ကြုံတွေ့လာရသောကြောင့် အဆိုပြုချက်အသစ်ကို မကြာမီအချိန်အတွင်း တင်သွင်းသွားမည်ဖြစ်ကြောင်း အရာရှိများက ပြီးခဲ့ သည့်သီတင်းပတ်များအတွင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။ ပြီးခဲ့သည့်နှစ်အောက်တိုဘာလ(၇)ရက်နေ့ တွင် အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားခဲ့ေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀ဝ)ကျော်သေဆုံးထားသကဲ့သို့ ပါလက်စတိုင်းလူမျိုး (၄၁၀ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသော ဒေတာအချက်အလက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ