ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄
တရုတ်နိုင်ငံသည် ထိုင်ဝမ်အရေးနှင့်ပတ်သက် ၍ အမေရိကန်နိုင်ငံက စစ်ရေးအကူညီပေးမှုများကို လက်တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံရှိ အမေရိကန် စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခု၏ ပိုင်ဆိုင်မှုမျာကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ် နှင့် ဒရုန်းများ ဖန်တီးပြုလုပ်နေသော Sierra Nevada Corporation အပြင် အမေရိကန်အစိုးရ နှင့် ဆက်နွှယ်မှုရှိသည့် အခြားကုမ္ပဏီ (၈)ခုကိုလည်း ပိတ်ဆို့မှုများချမှတ်မည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ပိတ်ဆို့မှုများသက်ရောက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။
တရုတ်အစိုးရက ၎င်းတို့သည် နိုင်ငံခြားသားပိတ်ဆို့မှု ချမှတ်ရေးဥပဒေနှင့်အညီ စီမံဆောင်ရွက် ခြင်းမျိုးဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိအဆိုပါကုမ္ပဏီများ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်သကဲ့သို့ တရုတ် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီများကို အဆိုပါပိတ်ဆို့မှုချမှတ်ခံထားရသော ကုမ္ပဏီ များနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းများမလုပ်ဆောင်ရန် တားဆီးပိတ်ပင်မည်ဟု သတင်းထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများရှိနေသော ထိုင်ဝမ်ကျွန်းကို အသေခံဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများရောင်းချပေး ရန် ဇွန်လအတွင်း ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ထဲတွင် ထိုင်ဝမ်သို့ စစ်လက်နက် ပစ္စည်းများနှင့်ပတ်သက်သော အပိုပစ္စည်းများအပြင် အခြားစစ်လက်နက် ပစ္စည်းများရောင်းချပေးမည့် အစီအစဉ်များလည်းပါဝင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများရောင်းချပေးခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသကဲ့သို့ တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုများနှင့် ပိုင်နက်များကို ထိခိုက်နစ်နာစေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။ တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ထိုင်ဝမ်အရေး တောင်တရုတ်ပင်လယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများတင်းမာမှုများရှိ နေခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း