ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
သုတကျော် (NSS) - စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူ (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း ဆေးရှားပါးခြင်း ကြောင့် AA က မကူနိုင်ဖြစ်နေကြောင်း ဒေသခံအချို့ထံ NSS က မေးမြန်းထားသည့် အချက်အလက်များ အရသိရသည်။
လတ်တလောသိရသောအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် အရေပြားရောဂါဖြစ်ပွားသူအရေအတွက် မှာ (၄၈၂)ဦးရှိပြီး ကလေးငယ် (၁၁၂) ဦးပါဝင်ကာ AA က ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း မြို့နယ်တွင်အများဆုံးနှင့် မိုးဦးကာလကပင် အဆိုပါရောဂါမှာ စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းသိရသည်။
‘အားလုံးနီးပါးက စစ်ဘေးရှောင်ဒုက္ခသည် တွေဖြစ်ပါတယ်။ အစက ယားတယ်။ ယားပြီးတော့ ကုတ်ရင်းနဲ့ အနာတွေဖြစ်လာပြီး အနာဖေးလို အဖတ် လိုက်ကြီးတွေဖြစ်တာပေါ့။ အရေပြားတစ်ပြင်လုံး ဖြစ်တာ။ အဓိကတော့ နေရာထိုင်ခင်းမသန့်ရှင်းတာနဲ့ သန့်ရှင်းတဲ့ရေ မရလို့ဖြစ်တာပေါ့။ ဆေးကုတာကလည်း ကောင်းကောင်းမရတော့ ဒီ အတိုင်း ဆေးမြီးတို တွေနဲ့ပဲကုနေရတာပေါ့။ ဒါပေမဲ့လည်း မပျောက်ဘူး’ဟု ဒေသခံတစ်ဦးကဆိုသည်။
လက်ရှိ အရေပြားရောဂါ ခံစားနေရသူများအနက် အများစုမှာ ကျောကုန်း၊ လက်၊ ခြေသလုံး၊ လည်ပင်းတို့တွင် အများဆုံးတွေ့ရပြီး အချို့မှာ ဦးခေါင်းပိုင်းအထိ ပျံ့နေခြင်းဖြစ်သည်။ ‘AA ကလည်း ဆေးကုပေးတာရှိပါတယ်။ ဒါပေမဲ့ ဆေးဝါးကလည်း ရခိုင်ပြည်နယ်မှာ တော်တော်လေးရှားပါးတယ်လေ။ ဒါကြောင့် အပြီးသတ်ပျောက်တဲ့အထိ ကုလို့ မရဘူး ဖြစ်နေတာ။ ကုဖို့လုပ်တယ်။ ဒါပေမဲ့ လုံးဝပျောက်သွားတဲ့အထိတော့ မရဘူးဖြစ်နေတာ’ဟု အထက်ပါ ဒေသခံ ကဆိုသည်။
ယခု အရေပြားရောဂါဖြစ်ပွားသူများအနက် ကလေးငယ်အယောက် (၁၀ဝ)ကျော်ပါဝင် ကြောင်းလည်းသိရ သည်။ ‘ကလေးတွေဆိုလည်း သနားဖို့ကောင်းတယ်။ မြင်ရတာကတော့ အစိုနဲ့အခြောက်ပေါ့။ ယားတယ်။ ယားလို့ ကုတ်ရင်းကနေ အနာတွေ ဖြစ်တယ်။ အနာကနေထပ်ပြီး ပွားလာတဲ့ အနေအထားမျိုးလို့ ခန့်မှန်းရပါတယ်။ သေချာတဲ့ ဆေးဝါးကုသမှုလိုအပ်နေပါတယ်’ဟု ၎င်းကဆိုသည်။
လက်ရှိ အတည်မပြုနိုင်သောသတင်းများအရ မင်းပြားမြို့နယ်တွင် အလားတူ အရေပြားရော ဂါဖြစ်စဉ်မျိုးဖြစ် ပွားသည်ဆိုသော်လည်း အဆိုပါ အချက်ကိုသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ