အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
Pika (NSS) - စက်တင်ဘာ ၂၃
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ ဆားဘီးယားလွှတ်တော်အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ရာစုနှစ်တစ်ခုစာ သက်တမ်းရှိပြီး အလေးချိန်(၃၀၀)ကီလိုဂရမ်လောက်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို စက်တင်ဘာလ(၂၂)ရက်မှာ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
(၃၀၅)မီလီမီတာ “Morser M.11” ဗုံးကို စက်တင်ဘာလ(၁၈)ရက် နှောင်းပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဗုံးဟာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၄ ခုနှစ် ဇူလိုင်လက ဘဲလ်ဂရိတ်မြို့ကို ဝိုင်းရံထားကြစဉ်အချိန်အတွင်း ဩစတြီးယား-ဟန်ဂေရီစစ်တပ်က အသုံးပြုခဲ့တဲ့ ဗုံးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးအိုင်ဗွီကာဒက်ဆစ်က ပြောကြားခဲ့ပါတယ်။
ဗုံးကိုဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း အနီးမှာရှိတဲ့ပြည်သူတွေကို ၎င်းတို့ရဲ့မော်တော်ယာဉ် တွေကို ဧရိယာအတွင်းကနေရွှေ့ထားဖို့နဲ့ သတိထားပြီးဘေးလွတ်ကင်းရာမှာနေကြဖို့ ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့တယ် လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီဗုံးကို ဖယ်ရှားရှင်းလင်းပြီးနောက် ဘဲလ်ဂရိတ်မြို့ကနေ (၆၀)ကီလိုမီတာ အကွာလောက်မှာရှိတဲ့ သဲသောင်ပြင်တစ်ခုကို ပို့လိုက်ပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းက ကျန်ရှိခဲ့တဲ့ဗုံးတွေအများအပြားကို ဆားဘီးယားနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ ပေမယ့်လည်း အဲ့ဒီဗုံးတွေကိုပေါက်ကွဲတာမျိုးမရှိဘဲနဲ့ အောင်မြင်စွာဖယ်ရှားပစ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းက ဆားဘီးယားနိုင်ငံ Nis မြို့မှာ ၁၉၉၉ ခုနှစ် နေတိုးအဖွဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းကျန်ရှိခဲ့တဲ့ ကြီးမားတဲ့ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ်တုန်းကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့တဲ့ အလေးချိန်(၂၄၂)ကီလိုဂရမ်ရှိတဲ့ ဗုံးတစ်လုံးကို ဘဲလ်ဂရိတ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကနေ အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ