လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
Pika (NSS) - စက်တင်ဘာ ၂၃
လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်မှာ ကျင်းပ မယ့်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်ဦးမှာလားဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က "ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ကျွန်တော် ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလောက်အထိပဲလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နိုဝင်ဘာလ(၅)ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ်လို့ မျှော်လင့်ထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးရေးပွဲတွေကို ပြိုင်ဖက် ဖြစ်တဲ့အသက်(၅၉)နှစ်အရွယ် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်နဲ့အကြိတ်အနယ်ယှဉ်ပြိုင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အခြေအနေ အမျိုးမျိုးကြောင့် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး ဒုသမ္မတဖြစ်တဲ့ ကာမာလာဟားရစ်ကို ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ထောက်ခံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟားရစ်တို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ(၁ဝ)ရက်တုန်းက ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် လာမယ့်အောက်တိုဘာလ(၂၃)ရက်မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ အတွက် ကာမာလာဟားရစ်ရဲ့တောင်းဆိုမှုကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံအတွင်းက အချို့ပြည်နယ်တွေမှာ အစောပိုင်းမဲပေးမှုတွေက စတင်လုပ်ဆောင်နေပြီဖြစ်တာမလို့ စကားစစ်ထိုးပွဲထပ်မံကျင်းပဖို့က အချိန်နောက်ကျနေပြီဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က တုံ့ပြန်ပြောခဲ့ပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ