ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
ပြည့်ဖြိုး (NSS) - စက်တင်ဘာ ၁၉
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ နှင့် ရေဘေးသင့်ဒေ သများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် သွပ်အချပ်ရေသုံးသောင်း ကို ကာလပေါက်ဈေးအောက် (၄ဝ)ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချပေးသွာမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"အချပ်ရေကန့်သတ်ချက်မရှိပါဘူး။ လျှောက်လွှာ တင်လိုက်ရင်ရပါတယ်။ လျှော့ဈေးနဲ့ ရောင်းပေးတယ်ဆိုတာက လက်ရှိမြေပြင်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အလှူရှင်တွေရော၊ အိမ်(၁ဝ)လုံးပဲနိုင်နိုင်၊ (၅) လုံးပဲနိုင်နိုင်လှူလို့ရှိရင် ကျွန်တော်တို့က လက်ရှိပေါက်ဈေးထက် (၄ဝ)ရာခိုင်နှုန်းလျှော့ချပြီး များများလှူလို့ရအောင်လျှော့ပေးတာပါ။ ကျွန်တော်တို့ဘက်က အလှူသ ဘောသက်ရောက်သွားအောင်လို့ပါ"ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေဘေးသင့်ဒေသများတွင် အိမ်ယာများ ပြန်လည်ထူထောင်ရန် အမိုးသွပ် 0.348 mm ရှိ 4 Angle Roofing Sheets အချပ်ရေ သုံးသောင်းအား (၄ဝ) ရာခိုင်နှုန်းလျှော့ဈေး (၁ ပေလျှင် ၂၅၀၀ ကျပ်) ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အလှူရှင်များ၊ အဖွဲ့အစည်းများသည် လှူဒါန်းလိုသည့် မြို့နယ်၊ သွပ်ပြားအရေအတွက် မည်မျှလှူဒါန်းမည်ဆိုသည်ကိုဖော်ပြကာ လျှောက်ထား ဝယ်ယူသွားနိုင်ကြောင်း သိရသည်။
“ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်း လိုအပ်တာမဟုတ်ဘူး။ တခြားဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကြောင်းတွေကိုလည်း အကူအညီပေးစေချင်တယ်” ဟု နာမည်ကျော်ပရဟိတ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ဦးကပြော သည်။
ရေးဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးအတွက်လည်း သက်ဆိုင်ရာ ပရဟိတ အသင်းအဖွဲ့များအပြင် အနုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်းများကလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ