အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
Pika (NSS) - စက်တင်ဘာ ၁၉
ဝါရင့်အက်ရှင်ရုပ်ရှင်မင်းသားဂျက်လီသည် အချိန်အတော်ကြာအောင် လူမြင်ကွင်းမှပျောက်နေခဲ့ပြီးနောက် ပြီးခဲ့သည့်စက်တင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက်တို့က စင်ကာပူနိုင်ငံ Sands Expo and Convention Centre တွင် ကျင်းပသည့် Thousand-Armed Avalokiteshvara Grand Puja 2024 ဟုခေါ်သော တိဗက်ဗုဒ္ဓဘာသာပွဲတော် တစ်ခုတွင် ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
Drikung Kagyu (Singapore) OM Centre က စီစဉ်သော အဆိုပါပွဲတော်တွင် ထင်ရှားသောတိဗက်ဗုဒ္ဓဘာသာ ဆရာတော် Drikung Kyabgon Chetsang Rinpoche က ဩဝါဒများပို့ချပေးခဲ့ကြောင်းလည်း သိရသည်။ ၂ဝဝ၉ ခုနှစ်တွင် စင်ကာပူနိုင်ငံသားအဖြစ်ခံယူခဲ့သော ဂျက်လီသည် အဆိုပါပွဲတော်အတွင်း ဆုတောင်းခြင်းနှင့် ထုံးတမ်း အစဉ်အလာများအတိုင်း လိုက်ပါလုပ်ဆောင်နေသည်ကိုလည်း ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။
ထို့ပြင် ဂျက်လီသည် စက်တင်ဘာလ(၁၄)ရက်တွင် Esplanade ပြဇာတ်ရုံတွင် A Dream Of Red Mansions ပြဇာတ်ကို ကြည့်ရှုခဲ့ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးဖြစ်သည့် Xiaohongshu က ရေးသားဖော်ပြခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်များအတွင်း ကိုယ်ခံပညာနှင့်ပတ်သက်ပြီး အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သော ဂျက်လီ သည် ပြီးခဲ့သည့်နှစ်များအတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီးနောက် ယခုလိုပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၃ ခုနှစ်တွင် ဂျက်လီက ၎င်းသည် ကျောရိုးပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာများစွာကို ခံစားနေရ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ၂ဝ၁၈ ခုနှစ်တွင် ဂျက်လီ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသော ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း တစ်နှစ်အကြာ ၂ဝ၁၉ ခုနှစ်တွင် ဂျက်လီသည် ပိုမိုကျန်းမာသောပုံစံမျိုးဖြင့် လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဂျက်လီပါဝင်ရိုက်ကူးထားသော နောက်ဆုံးရုပ်ရှင်ဇာတ်ကားမှာ ၂ဝ၂ဝ ပြည့်နှစ်က ထွက်ရှိခဲ့သော မူလန်ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဂျက်လီကတရုတ်ဧကရာဇ်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ