ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
ရောင်နီ (NSS) - စက်တင်ဘာ ၁၈
ဇင်ဘာဘွေနိုင်ငံမှာ ဆယ်စုနှစ်ရဲ့ အဆိုးရွားဆုံး မိုးခေါင်မှု ဒဏ်ကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးနေတဲ့ နိုင်ငံသားတွေကို အစာကျွေးဖို့အတွက် ဆင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ခွင့်ပြုထားပါတယ်။
နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဒါကိုဖြေရှင်းဖို့ ဆင်အကောင်ရေ ၂၀၀ ကို သတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဇင်ဘာဘွေ ပန်းခြံနဲ့ တောရိုင်းတိရစ္ဆာန် အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ တီနာရှာဖာရာဝူက တနင်္လာ နေ့ (စက်တင်ဘာ ၁၆ ရက်)မှာ ပြောကြားခဲ့ပါတယ်။ ရက်ရှည် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာမလုံလောက်မှုကို လျှော့ချဖို့ နမီးဘီးယားနိုင်ငံမှာ ဆင်တွေနဲ့ အခြားတောရိုင်းတိရိစ္ဆာန်တွေကို သုတ်သင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သလိုပဲ အဲဒီလမ်းစဉ်အတိုင်း ဇင်ဘာဘွေက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
အဆိုပါ သတ်ဖြတ်မှုတွေကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အပြင်းအထန် ဝေဖန်နေပါတယ်။ ဇင်ဘာဘွေဟာ ဆင်ကောင်ရေ ၈၄,၀၀၀ ကျော်ရှိတဲ့နေရာဖြစ်ပြီး ဆင်ကောင်ရေတွေ လိုအပ်တာထက် ပိုများပြားနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး စီသန်ဘီဆိုညိုနီက ပြောကြားပါတယ်။
နမီးဘီးယားနိုင်ငံမှာလည်း ငတ်မွတ်ခေါင်းပါးမှုကြောင့် ဆင်တွေ အပါအဝင် တောရိုင်းတိရိစ္ဆာန် (၇၀၀)ကို ပြီးခဲ့တဲ့လက သတ်ဖြတ်ဖို့ ခွင့်ပြုခဲ့ပြီး ၎င်းတို့ရဲ့အသားတွေကို စားနပ်ရိက္ခာချို့တဲ့သူတွေဆီ ဝေငှဖို့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း