Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော

Pika (NSS) - စက်တင်ဘာ ၁၇

တရုတ်နှင့်အိန္ဒိယကြားဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ တွင် တိုးတက်မှုအနည်းငယ်ရှိခဲ့ပြီး ပြဿနာများ၏(၇၅) ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး S. Jaishankar က စက်တင်ဘာလ(၁၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 


(၂၀၂၀) ပြည့်နှစ်တွင် နယ်စပ်ဒေသ၌တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက် စလုံးတွင် အသေအပျောက်များရှိခဲ့ပြီးနောက်ပိုင်းတည်းက နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

S. Jaishankar က “ဒါပေမဲ့လည်း ကျွန်တော်တို့မှာ လုပ်စရာတွေတော့ရှိပါသေးတယ်” ဟု မှတ်ချက်ပြုပြောဆိုခဲ့သည်။ အာရှအင်အားကြီး နှစ်နိုင်ငံကြား သဘောတူညီချက်များကို ပျက်ပြားသွား စေခဲ့သည့် (၂၀၂၀) ပြည့်နှစ်ကဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိခိုက်စေခဲ့ ကြောင်း S. Jaishankar ကပြောကြားခဲ့သည်။ 

ထို့ပြင် နှစ်နိုင်ငံလုံးက အခြေခံအဆောက်အအုံ များကို တည်ဆောက်နေသည့် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှု ပြဿနာများကို  S. Jaishankar က အလေးပေး ပြောကြားခဲ့ကြောင်း လည်းသိရသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကြား ထိစပ်နေသော နယ်စပ်အရှည် (၃၃၇၉) ကီလိုမီတာသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံကြား ဖြစ်ပွားနေသော တင်းမာမှုများ၏ အဓိက ရင်းမြစ် ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီလည်းဖြစ်သည်။

(၂၀၂၀)ခုနှစ်တွင် နယ်စပ်ဒေသ၌ နှစ်နိုင်ငံ တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့ သည့် လေးနှစ်နီးပါးအတွင်း အိန္ဒိယနှင့်တရုတ်တို့သည် နယ်စပ်ဆိုင်ရာဆွေးနွေးပွဲများကို အကြိမ်ပေါင်း (၃၀)ကျော် လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည်နယ်စပ်အငြင်းပွားမှု ပြဿနာများ နှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့်အမြင်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်ခဲ့ကြကြောင်း အိန္ဒိယ အစိုးရက ပြောကြားခဲ့ဖူးသည်။

အိန္ဒိယနှင့်တရုတ်တို့သည် ၎င်းတို့၏ တပ်ဖွဲ့များ ကို ပုံမှန်လည်ပတ်နေကျအခြေစိုက်စခန်းများ ကို ပြန်လည်ခေါ်ယူထားရန်နှင့် တရားဝင် မသတ်မှတ်ထားသော နယ်စပ်တစ်လျှောက်ရှိ အချို့ နေရာ များတွင် ကင်းလှည့်မှုများနှင့်ပတ်သက်ပြီး သဘောတူညီချက်များရရှိရန်အတွက် ညှိနှိုင်းနေကြကြောင်း S. Jaishankar က ပြောကြားခဲ့သည်။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved