နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
Pika (NP News)
အနောက်အုပ်စုနိုင်ငံများ၏စစ်လက်နက်ပစ္စည်း များကို ယူကရိန်းအသုံးပြုမှုအပေါ် ကန့်သတ် ချက် များကို ဖယ်ရှားခြင်းသည် အမေရိကန်နှင့်၎င်း၏မိတ်ဖက်နိုင်ငံများက ရုရှားနှင့်ပဋိပက္ခတွင် တိုက် ရိုက် ပါဝင်ပတ်သက်နေခြင်းမျိုးဖြစ်ပြီး သင့်လျော်သော လက်တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရလိမ့်မည် ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က သတိပေးပြောဆိုခဲ့သည်။ အနောက်အုပ်စုနိုင်ငံများသည် ခရိုင်းမီးယား ကျွန်းဆွယ်နှင့် ဒွန်းဘက်စ်ဒေသတို့ကို တိုက်ခိုက်ရာတွင် ယူကရိန်းက အသုံးပြုခဲ့ဖူးသည့် Storm Shadows နှင့် ATACMS တို့ကဲ့သို့သော တာဝေးပစ်ဒုံးကျည်များ ကို ယူကရိန်းကို ပေးပို့ခဲ့ကြောင်း လည်း သိရသည်။ ပူတင်က “ ရုရှားရဲ့ပိုင်နက်နယ်မြေတွေကို တိုက်ခိုက်ဖို့ ယူကရိန်းအစိုးရကို ခွင့်ပြုတာ ဒါမှ မဟုတ် တားမြစ်တာတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကို ကျွန်တော်တို့ ပြောနေတာမဟုတ်ပါဘူး။ အရင်တည်းက ရုရှား ပိုင်နက်နယ်မြေတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေက ရှိခဲ့ဖူးပြီးပါပြီ” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းတွင် အနောက်အုပ်စု၏ တာဝေးပစ်ဒုံးကျည်စနစ်များကို အသုံးပြုနိုင်စွမ်းမျိုး မရှိကြောင်းနှင့် ယခုကဲ့သို့ တိုက်ခိုက်မှုများ လုပ် ဆောင်နိုင်ရန်အတွက် နေတိုးအဖွဲ့၏ ဂြိုဟ်တုများ ထံမှ ထောက်လှမ်းရေးအချက်အလက်များကို လို အပ်ကြောင်း ပူတင်ကပြောကြားခဲ့သည်။ ရုရှား၏ပိုင်နက် နယ်မြေများကို ယူကရိန်း၏တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပစ်ခတ်မှုဆိုင်ရာဖြေရှင်းချက်များကို နေတိုး တပ်ဖွဲ့ဝင်များကသာ လုပ်ဆောင်နိုင်ကြောင်း လည်း ပူတင်က ပြောကြားခဲ့သည်။ ဆိုလိုရင်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများသည် ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေခြင်းမျိုး ဖြစ် ကြောင်း ပူတင်ကထပ်မံ ပြောဆိုခဲ့သည်။ ပူတင်က “ အနောက်အုပ်စုတွေရဲ့လက်နက်တွေ အသုံးပြု ခွင့်အပေါ် ကန့်သတ်ချက်တွေကိုဖယ်ရှားတာက နေတိုးအဖွဲ့ဟာ ရုရှားနဲ့ပဋိပက္ခမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေတာမျိုးပဲဖြစ်ပါတယ်။
သူတို့တွေရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟာ ပဋိပက္ခနဲ့ပတ်သက်တဲ့အခြေအနေတွေကို သိသိ သာသာပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ ရင်ဆိုင် နေရတဲ့ ခြိမ်းခြောက်မှုတွေအပေါ်အခြေခံပြီး သင့် တော်တဲ့ဆုံးဖြတ်ချက်တွေကို ရုရှားအစိုးရက ချမှတ် သွားမှာပါ” ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ