BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်များအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း (၃၄)နိုင်ငံသည် တရုတ်နှင့် ရုရှားနိုင်ငံ တို့ ဦးဆောင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့သို့ ဝင်ရောက်ရန် စိတ်ဝင်စားနေကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါအဖွဲ့ကို ၂၀ဝ၆ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ ဦးဆောင်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံက ပူးပေါင်း ပါဝင် လာခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတပူတင်က အဖွဲ့ဝင်နိုင်ငံများကြား မိတ်ဖက်အဖြစ်ဆောင်ရွက် မှုများကို ပိုမိုလေးနက်စေရန် ဆောင်ရွက်မည်ဖြစ် သကဲ့သို့ အခြားနိုင်ငံပေါင်း (၃၄)နိုင်ငံက ပူးပေါင်း ပါဝင်ရန် အဆိုပြုထားကြောင်း ပြောသည်။ အဆိုပါ အဖွဲ့သည် ယခုနှစ်အတွင်း အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံတို့ကို တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
ရုရှားသည် လာမည့် အောက်တိုဘာလတွင် ကာဇန်မြို့၌ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ရုရှား သမ္မတပူတင်က “ကျွန်တော်တို့ဟာ နိုင်ငံအများအပြား ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားမှုတွေကို လျစ်လျူရှုထားမှာ မဟုတ်ဘူး၊ အနည်းဆုံးနိုင်ငံ ပေါင်း(၃၄)နိုင်ငံဟာ အဖွဲ့အတွင်း ပူးပေါင်းပါ ဝင်ဖို့ စိတ်ဝင်စားနေတယ်” ဟုပြောသည်။
ရုရှားသမ္မတအကြံပေးတစ်ဦးဖြစ်သူက တူရကီနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်း ပါဝင်ရန် အဆိုပြုကမ်းလှမ်းခဲ့ပြီး တူရကီ သမ္မတကို လာမည့် The growing interest in BRICS ထိပ်သီး အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းပြောသည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကလည်း ၎င်းတို့သည် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆုံးဖြတ်ချက်များကို စောင့်ဆိုင်း နေ ကြောင်း၊ လာမည့်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မည်ဖြစ်ကြောင်း စက်တင်ဘာလ အစောပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။
အဆိုပါအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေသည့်နိုင်ငံများထဲတွင် ဘီလာရုစ့်၊ ကူဝိတ်၊ ဘာရိန်း၊ ကျူးဘား၊ ဗင်နီဇွဲလား၊ ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်နေကြောင်း သိရိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ