တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို နှစ်ပတ်ကြာအသုံးမပြုကြရန် လက်နက်ကိုင်အဖွဲ့များက သတိပေး
ရဲပြည့် (NP News) - ဧပြီ ၇
တိုက်ပွဲများပြင်းထန်နေသည့်အတွက် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို နှစ်ပတ်ကြာ အသုံးမပြုကြရန် လက်နက်ကိုင်အဖွဲ့များက သတိပေးထုတ်ပြန်ထား သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြဝတီ-ကော့ကရိတ်လမ်းမကြီးအား ဧပြီလ(၇)ရက်နေ့မှ ဧပြီလ ၂၁ ရက်အထိ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထားခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂစစ်ကြောင်း ၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းဒေသစစ်ဒေသခွဲ အမှတ်(၃)အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) တို့ကပူးပေါင်း ထုတ်ပြန်ခြင်းဖြစ်သည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတစ်လျှောက်တွင် မတ်လ ၂၅ ရက်မှစပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီလ ၄ ရက်ကလည်း အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကြားနှင့် သင်္ဃန်း ညီနောင်ကြားတွင် စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်နယ်ဒါးမြ ထူထောင်ခဲ့သည့် KTLA နှင့် PDF ပူးပေါင်းဆောင်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်အနီး ထီးကော်ထောကျေးရွာရှိ BGF နှင့် လုံခြုံရေးအဖွဲ့တို့၏ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိ ခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံများ ထိုင်းဘက်သို့ ထွက်ပြေးစစ်ရှောင်နေကြရကြောင်း သိရသည်။
Zawgyi Version;
တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အတြက္ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ႏွစ္ပတ္ၾကာအသုံးမျပဳၾကရန္ လက္နက္ကိုင္အဖြဲ႕မ်ားက သတိေပး
ရဲျပည့္ (NP News) - ဧၿပီ ၇
တိုက္ပြဲမ်ားျပင္းထန္ေနသည့္အတြက္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းမႀကီးကို ႏွစ္ပတ္ၾကာ အသုံးမျပဳၾကရန္ လက္နက္ကိုင္အဖြဲ႕မ်ားက သတိေပးထုတ္ျပန္ထား သည္။
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ျမဝတီ-ေကာ့ကရိတ္လမ္းမႀကီးအား ဧၿပီလ(၇)ရက္ေန႔မွ ဧၿပီလ ၂၁ ရက္အထိ ျဖတ္သန္းသြားလာျခင္းမျပဳရန္ သတိေပးထားျခင္းျဖစ္သည္။
အဆိုပါ ထုတ္ျပန္ခ်က္ကို ေကာ္ဘရာစစ္ေၾကာင္း၊ နဂါးျဖဴစစ္ေၾကာင္း၊ Lion Battalion ၊ က်ားသစ္နက္စစ္ေၾကာင္း၊ ေဒါနစစ္ေၾကာင္း၊ ဂစစ္ေၾကာင္း ၊ က်ားျဖဴစစ္ေၾကာင္း၊ ေတာင္ပိုင္းေဒသစစ္ေဒသခြဲ အမွတ္(၃)အျပင္ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNU/KNLA(PC) တို႔ကပူးေပါင္း ထုတ္ျပန္ျခင္းျဖစ္သည္။
ျမဝတီ-ေကာ့ကရိတ္အာရွလမ္းမႀကီးတစ္ေလွ်ာက္တြင္ မတ္လ ၂၅ ရက္မွစၿပီး တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလ်က္ရွိေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဧၿပီလ ၄ ရက္ကလည္း အာရွလမ္းမႀကီးအပါအဝင္ ေဒါနေတာင္ၾကားႏွင့္ သဃၤန္း ညီေနာင္ၾကားတြင္ စစ္တပ္ႏွင့္ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၅ ရက္ နံနက္ပိုင္းတြင္ ဗိုလ္ခ်ဳပ္နယ္ဒါးျမ ထူေထာင္ခဲ့သည့္ KTLA ႏွင့္ PDF ပူးေပါင္းေဆာင္အဖြဲ႕တို႔သည္ ကရင္ျပည္နယ္၊ ေ႐ႊကုကၠိဳၿမိဳ႕သစ္အနီး ထီးေကာ္ေထာေက်း႐ြာရွိ BGF ႏွင့္ လုံၿခဳံေရးအဖြဲ႕တို႔၏ စခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဖက္အၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ကာ ႏွစ္ဖက္ထိ ခိုက္ေသဆုံးမႈမ်ားရွိခဲ့ၿပီး ေဒသခံမ်ား ထိုင္းဘက္သို႔ ထြက္ေျပးစစ္ေရွာင္ေနၾကရေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်မှုကို မြှင့်တင်ရန် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ