မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်မှုကို မြှင့်တင်ရန် နှစ်နိုင်ငံဆွေးနွေး
စော (NP News) - ဧပြီ ၇
မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်မှုကို မြှင့်တင်ရန် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဧပြီလ ၆ ရက်က တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများ ပြန်လည်ဖော်ဆောင်အဆင့်မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံ အခြေစိုက်ဖြစ်သော တရုတ်ကုမ္ပဏီများ နိုင်ငံခြားငွေလဲလှယ်မှုများတွင် ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းပေးခြင်းကိစ္စနှင့်ပတ်သက်၍လည်းထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနှင့်တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံနှင့်ပြည်သူများ ကို ဦးတည်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူလူထုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပေးရန်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ျမန္မာ-တ႐ုတ္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ စီမံကိန္းမ်ား တည္ေဆာက္မႈကို ျမႇင့္တင္ရန္ ႏွစ္ႏိုင္ငံေဆြးေႏြး
ေစာ (NP News) - ဧၿပီ ၇
ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္ စီမံကိန္းမ်ား တည္ေဆာက္မႈကို ျမႇင့္တင္ရန္ ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး Mr. Chen Hai ႏွင့္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးတို႔ ဧၿပီလ ၆ ရက္က ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး က႑မ်ားတြင္ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ား ျပန္လည္ေဖာ္ေဆာင္အဆင့္ျမႇင့္တင္ေရးကိုလည္း ေဆြးေႏြးခဲ့ၾကသည္။
အလားတူ ျမန္မာႏိုင္ငံ အေျခစိုက္ျဖစ္ေသာ တ႐ုတ္ကုမၸဏီမ်ား ႏိုင္ငံျခားေငြလဲလွယ္မႈမ်ားတြင္ ႀကဳံေတြ႕ေနရသည့္ ျပႆနာမ်ားကို ေျဖရွင္းေပးျခင္းကိစၥႏွင့္ပတ္သက္၍လည္းထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ျမန္မာႏွင့္တ႐ုတ္ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈသည္ ျမန္မာႏိုင္ငံႏွင့္ျပည္သူမ်ား ကို ဦးတည္ၿပီး ျမန္မာႏိုင္ငံ၏ စီးပြားေရးႏွင့္ ျပည္သူလူထုဘဝဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ကူညီေပးရန္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂)နှစ်ကျော်ကာလအတွင်း ရဟန်းသံဃာ အပါအဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း (၁၅ဝ)ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း