အမေရိကန်နိုင်ငံမှာ ဟိုတယ် ဝန်ထမ်း အနည်းဆုံး (၁၀၀၀၀)ကျော် ဆန္ဒပြ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃
အမေရိကန်နိုင်ငံတဝန်းရှိ ဟိုတယ်(၂၅)ခုက အလုပ်သမားပေါင်း (၁)သောင်းကျော်ဟာ စက်တင်ဘာလ(၂)ရက်မှစတင်ပြီး ဆန္ဒပြပွဲတွေကို စတင်လုပ် ဆောင်ခဲ့ကြောင်း သိရပါတယ်။
အလုပ်သမားတွေဟာ ၎င်းတို့ရဲ့လုပ်ခလစာနဲ့ မျှတစွာရရှိစေဖို့ နဲ့ လုပ်ခလ စာတိုးမြှင့်ရစေဖို့ ရည်ရွယ်ချက်နဲ့ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်ကာလအတွင်း လုပ်ခလစာတွေလျှော့ချခံပေမယ့် လက်ရှိအချိန်မှာလည်းလုပ်ခလစာတိုးမြှင့်တာတွေမရှိဘူးလို့ ဆိုပါတယ်။ အလုပ်သမား ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ အလုပ်သမား ၁၀၀၀၀ ကျော်အနက် ၅၀၀၀ ဟာ ဟိုနိုလူလူအရပ်ဒေသကဖြစ်ပြီး အခြားအရပ်ဒေသက ဟိုတယ်ဝန်ထမ်းအလုပ်သမားတွေလည်း ဆန္ဒပြပွဲအတွင်း ပါဝင်လာဖွယ်ရှိနေပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးဖြစ်သော ကာနန်စီယာက လုပ်ခလစာတိုးမြှင့်ရရှိခြင်းမရှိသလို အလုပ်လုပ်ရတဲ့အချိန်တွေလည်း လျှော့ချခဲ့တဲ့အတွက် မိသားစုစားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေကြောင်းပြောပါတယ်။ ၎င်းက "ကျွန်မတို့မိသားစုတွေ၊ သွေးချွေးတွေအတွက် ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်လာတာဖြစ်တယ်။ ကျွန်မတို့ရဲ့ကလေးတွေ၊ မိသားစုဝင်တွေစားဝတ်နေရေးအဆင်ပြေစေဖို့အတွက် ထိုက်သင့်တဲ့ လုပ်ခလစာရဖို့ ဆန္ဒပြပွဲမှာပါဝင်လာခဲ့တာပါ"လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံရှိ ဟိုတယ်အလုပ်သမားထောင်ချီဟာ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြပွဲကို သုံးရက်ကြာလုပ်ဆောင်သွားမှာဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကို၊ ဘော်စတွန်မြို့တို့အပါအဝင် အမေရိကန်နိုင်ငံရှိမြို့အချို့က ဟိုတယ်ဝန်ထမ်းများ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းမှုများကို အမေရိကန်သမ္မတဝေဖန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ