ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းမှုများကို အမေရိကန်သမ္မတဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဖမ်းဆီးခံထားရသူများပြန်လွတ်မြောက်စေရန် အစ္စရေးဝန်ကြီးချုပ်၏ ကြိုးပမ်းအားထုတ်မှုများ လုံလောက်မှုမရှိကြောင်း ဝေဖန်ထားသည်။
အမေရိကန်သမ္မတက "ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်မြောက်စေဖို့ ဟားမတ်စ်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေးရယူဖို့ အစ္စရေးဝန်ကြီးချုပ်ရဲ့ကြိုးပမ်းမှုတွေဟာ လုံလောက်မှုမရှိခဲ့ဘူး။ လက်ရှိအချိန်မှာတော့ ဟားမတ်စ်အဖွဲ့နဲ့ စာချုပ်ချုပ်ဆိုနိုင်ရေး အခြေအနေတွေရဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး စာချုပ်ဖို့ နီးစပ်မှုတွေရှိနေတယ်"ဟု ပြောသည်။
ဂါဇာဒေသတောင်ပိုင်းတွင်ဖမ်းဆီးခံထားရသူ (၆)ဦး၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့မှုအပေါ်မကျေနပ်သည့်အတွက် အစ္စရေးနိုင်ငံအတွင်း လူပေါင်းသိန်းချီပါဝင်သော ဆန္ဒပြပွဲများဖြစ်ခဲ့ပြီးနောက် အမေရိကန် သမ္မတက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက" ဖမ်း ဆီးခံရသူတွေ အသက်ရှင်လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်တွေကတော့ ရှိနေဆဲဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်"ဟုပြောသည်။
အမေရိကန်သမ္မတသည် စက်တင်ဘာ ၂ ရက်နေ့တွင် အမေရိကန်ဒုတိယသမ္မတကာမာလာဟာရစ်နှင့်တွေ့ဆုံပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထဲ ဖမ်းဆီးခံထားရသူများအမြန်ဆုံးပြန်လွတ်မြောက်စေရန်အတွက် သဘောတူညီမှုရရှိစေရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲက (၁၁)လကြာမြင့်နေပြီး ဟားမတ်စ်လက်နက်ကိုင်အဖွဲ့လက်ထဲတွင်ဖမ်းဆီးခံထားရသူအနည်းဆုံး ၁၀၀ ကျော်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီတာခ တိုးကောက်သည့်အတွက် လျှပ်စစ်မီးပိုမိုရရှိရန် လုပ်ငန်းရှင်များဆန္ဒရှိနေသည့်အပြင် ပျောက်ဆုံး မီတာယူနစ်များကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်သင့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ