ဗြိတိန်အကသင်တန်း ဓားထိုးမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော မိန်းကလေးနှစ်ဦးကို တေလာဆွစ်ဖ် ခေါ်ယူတွေ့ဆုံ
Pika (NSS) - ဩဂုတ် ၂၇
ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်သည် ပြီးခဲ့သည့်လနှောင်းပိုင်းက ဗြိတိန်အကသင်တန်း တစ်ခုတွင်ဖြစ်ပွားခဲ့သော ဓားထိုးမှုအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သော မိန်းကလေး(၂)ဦးကို လန်ဒန် မြို့တွင်ကျင်းပသော ၎င်း၏ Eras Tour ရှိုးပွဲစင် မြင့်နောက်တွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ကြောင်း သိရ သည်။
ပြီးခဲသည့်ဇူလိုင်လက Merseyside ကောင်တီ Southport မြို့ရှိ အကသင်တန်းတစ်ခု တွင် ဖြစ်ပွားခဲ့သော ဓားထိုးမှုအတွင်း မိန်းက လေးငယ်(၃)ဦး သေဆုံးခဲ့ပြီးနောက် အလွန်စိတ် မကောင်းဖြစ်မိသွားကြောင်း အသက်(၃၄)နှစ်အရွယ် တေလာဆွစ်ဖ်ကပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါဓားထိုးမှုအတွင်း ထိခိုက် ဒဏ်ရာရရှိ/သေဆုံးခဲ့သောလူများ၏ မိသားစုဝင် များကို လည်း ဆက်သွယ်ခဲ့ကြောင်း တေလာဆွစ်ဖ် ကပြောကြားခဲ့သည်။ Sami Foster ဆိုသည့် အမျိုးသမီး သည် ၎င်း၏သမီးဖြစ်သူ Hope ၊ Autumn တို့က လန်ဒန်မြို့ Wembley အား ကစားကွင်းတွင် ကျင်းပ သော ရှိုးပွဲ၏ စင်မြင့်နောက်တွင် တေလာဆွစ်ဖ်နှင့်အတူ တွေ့ဆုံနေသည့် ဗီဒီယိုဖိုင်တစ်ခုကို TikTok ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။
တေလာဆွစ်ဖ်သည် လန်ဒန်မြို့တွင် ကျင်းပသော ၎င်း၏ Eras Tour ရှိုးပွဲအတွင်း မိသားစုပေါင်းမည်မျှနှင့် တွေ့ဆုံခဲ့သည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း Foster မိသားစုမှာ ၎င်းနှင့်တွေ့ဆုံရန် ဖိတ်ကြားခံခဲ့ရသည့် တစ်ခုတည်းသောမိသားစု မဟုတ်ကြောင်းလည်းသိရသည်။
အဆိုပါတွေ့ဆုံမှုများနှင့်ပတ်သက်ပြီး တေလာဆွစ်ဖ်က လူသိရှင်ကြားထုတ်ပြန်ပြောဆို ခြင်းများ လည်း မရှိသေးကြောင်းသိရသည်။ ထို့ပြင် တေလာဆွစ်ဖ်သည် အဆိုပါဓားထိုးမှု အတွင်း သေဆုံးသွား ခဲ့သော မိန်းကလေးငယ်(၃)ဦး၏ မိသားစုများနှင့် တိတ်တိတ်ဆိတ်ဆိတ် တွေ့ဆုံခြင်းမျိုးရှိခဲ့ကြောင်း လည်းသိရသည်။ အဆိုပါ ဓားထိုးမှုအတွင်း အခြားကလေးငယ် (၈)ဦးနှင့် အရွယ်ရောက်ပြီး သူ(၂)ဦးတို့ လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအနေဖြင့် မျောက်ကျောက်ရောဂါကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း အကြံပြု
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ