တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မည်ကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၂၆
ထိုင်ဝမ်ကျွန်းသည် ကိုယ်ပိုင်လွတ်လပ်မှုများရရှိရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ခြင်းများကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်ဝမ် နှင့် တရုတ်နိုင်ငံတို့သည် ပိုင်နက် နယ်မြေအငြင်းပွားမှုများရှိနေပြီး တရုတ်အစိုးရက ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားကာ ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်၍ ကိုယ်ပိုင်လွတ်လပ်ရေးရယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ထိုင်ဝမ်တွင် လိုင်ချန်တေး သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း တရုတ် နှင့် ထိုင်ဝမ်ကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပြီး ထိပ်တိုက်တွေ့ဆုံ မှုများဖြစ်လာမည့် အခြေအနေများရှိလာခဲ့ဖူးကြောင်း သိရသည်။ ထိုင်ဝမ်ကျွန်းအနေဖြင့် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများကို အစွမ်းရှိသမျှ ခုခံကာကွယ်သွား မည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချန်တေးက ပြောသည်။
ထိုင်ဝမ်သမ္မတက 'ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်ထား တယ်။ ထိုင်ဝမ်ဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါ တယ်။ ထိုင်ဝမ်ပြည်သူတွေဟာ ကြင်နာမှုရှိပါတယ်။ ကျွန်တော်တို့ဟာ အဓိကပြည်မကြီးကို ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းမှာမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော် တို့ဟာ ထိုင်ဝမ်ကျွန်းကို တရုတ်ကွန်မြူနစ်ပါတီက အုပ်ချုပ်မှာကိုလည်း လက်ခံလိုစိတ်မရှိဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအရေး၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ ပိုမိုကောင်းမွန် အောင်ဆက်လက်လုပ်ဆောင်သွားမယ်'ဟု ပြောသည်။
ထိုင်ဝမ်အစိုးရအနေဖြင့် နိုင်ငံစစ်ရေးနှင့် ကာကွယ်ရေးပိုမိုတောင့်တင်း အားကောင်းစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကာကွယ် ရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်သွားမည်ဖြစ်သ ကဲ့သို့ ထိုင်ဝမ်အချုပ်အခြာ အာဏာကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတကပြော သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမည်ဖြစ်ရာ လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို (၇ ဒသမ ၇)ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု များကို တားဆီးနိုင်ရန်အတွက် တိုက်လေယာဉ်များနှင့် ဒုံးကျည်များကို ထပ်မံဖြည့်တင်းသွားရန် စီစဉ်နေ ကြောင်း သိရသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိ ကန်နိုင်ငံနှင့်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ကြိုးပမ်းလာခဲ့ရာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများသည် လုံခြုံရေးကိစ္စများ လျှို့ဝှက်ဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ(၅၅၀)ကျော်ရှိလာပြီး ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံရသူတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ