စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ် (၆၀၀၀)ကျော် အထိရှိလာ
ယွန်း (NSS) - သြဂုတ် ၁၉
စားအုန်းဆီရည်ညွှန်းဈေး ဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ကျော် အထိရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ယနေ့ ဩဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် ငွေကျပ်(၆၁၇၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်တာအတွက် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် (၅၉၄၅) ကျပ်ဖြစ်သည့် အတွက် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှုန်း ကျပ်(၂၀၀)ကျော် မြင့်တက်လာကြောင်း သိရသည်။ ယခုလအတွင်း စားအုန်းဆီရည်ညွှန်းဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခုအခါ ကျပ်(၆၁၇၀)အထိ မြင့်တက်လာကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် တစ်လလျှင် အိမ်ထောင်စု(၃၀၀၀၀)နီးပါးကို အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စားသုံးသူများအနေဖြင့် ပြင်ပဈေးကွက်၌ စားအုန်းဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုလန်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် သေနတ်နဲ့ပစ်ခတ်ခွင့်ပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ