ထိုင်းတရားရုံးက ဝန်ကြီးချုပ်ဆာရက်တာသာဗီဆင်ကို ရာထူးကနေ ဖယ်ရှား
Pika (NSS) - ဩဂုတ် ၁၄
ယခင်က ထောင်ကျခဲ့ဖူးတဲ့ ရှေ့နေဟောင်းတစ်ဦးကို ၎င်းရဲ့အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခဲ့တဲ့ ဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်ကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ဩဂုတ် လ(၁၄)ရက်နေ့မှာ ရာထူးကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။
ဆာရက်တာသာဗီဆင်ဟာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့လူတစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ပါတယ်။ ဆာရက်တာသာဗီဆင်ကို ဖယ်ရှားမှုက (၁၆)နှစ်အတွင်းမှာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖယ်ရှားပစ်ခဲ့တဲ့ စတုတ္တမြောက်ဝန်ကြီးချုပ်ဖြစ်လာစေခဲ့ပါတယ်။
ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားလိုက်ခြင်းက လွှတ်တော်အနေနဲ့ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့အတွက် လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဆိုလိုတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်း ထိုင်းဘုရင်စနစ်ကို စော်ကားတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ရှေ့သို့ချီပါတီကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာ ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဩဂုတ်လ(၉)ရက်နေ့မှာ ဖျက်သိမ်းခံလိုက်ရတဲ့ ရှေ့သို့ချီပါတီဟာ အမည်ပြောင်းလဲကာ ထိုင်းပြည်သူ့ပါတီအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့လည်းသိရပါတယ်။
ဆာရက်တာသာဗီဆင်ဟာ တရားရုံးဝန်ထမ်းတွေကို လာဘ်ထိုးဖို့ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်မှာ အကျဉ်းချခံခဲ့ရတဲ့ ရှေ့နေဟောင်း Pichit Chuenban ကို ၎င်းရဲ့အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆာရက်တာသာဗီဆင်ကို ရာထူးကနေဖယ်ရှားလိုက်ပြီးနောက် ဒုဝန်ကြီးချုပ် Phumtham Wechayachai ဟာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းအား ဆက်လက်ထောက်ပံ့သွားမည်ဟု ရုရှားသမ္မတ ထပ်လောင်း ကတိပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ