မြင်းခြံရှိသဘာဝဓာတ်ငွေ့သုံးစက်ရုံ(၂)ခု အရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် ရန်ကုန်ရှိ မြို့နယ်အချို့၌ ဝန်အားလျှော့ချ၍ ဓာတ်အားဖြန့်ဖြူးနေ
NSS - သြဂုတ် ၁၃
မြင်းခြံရှိသဘာဝဓာတ်ငွေ့သုံးစက်ရုံ(၂)ခု အရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် ရန်ကုန်ရှိ မြို့နယ်အချို့၌ ဝန်အားလျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း(YESC) က ယနေ့(သြဂုတ် ၁၃ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ(မြင်းခြံ)သည် သြဂုတ်(၁၂)ရက်နေ့ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စက်များအရေးပေါ်ရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ Sembcorp သဘာဝ ဓာတ်အားသုံးစက်ရုံ(မြင်းခြံ)မှာလည်း သြဂုတ်(၁၂)ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု(၄၉၂၀)မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ်ဝန်အားထိန်းညှိမှုများကို ဆောင်ရွက်နေကြောင်း YESC က ဆိုထားသည်။
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန်များကို ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ကြောင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၊ ကွမ်ရှီခရီးသွားနေရာ၊ ဒီတန်ရေတံခွန်မှာ Magic Carpet စီးရင်း မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ