တရုတ်နိုင်ငံ၊ ကွမ်ရှီခရီးသွားနေရာ၊ ဒီတန်ရေတံခွန်မှာ Magic Carpet စီးရင်း မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး
ရောင်နီ (NSS) - ဩဂုတ် ၁၄
တရုတ်နိုင်ငံ၊ ကွမ်ရှီခရီးသွားနေရာ၊ ဒီတန်ရေတံခွန်မှာ ဩဂုတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက Magic Carpet စီးနင်းသူတွေကြား မတော်တဆမှုတစ်ခုဖြစ်ပြီး တစ်ဦးသေဆုံးကာ လူ(၆၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခရိုင်အရေးပေါ်စီမံခန့်ခွဲရေးဗျူရို၊ ခရီးသွားဌာနနဲ့ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပြီး ဆေးကုသပေးခြင်း၊ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ကာ ထိခိုက်ခံစားရတဲ့ ခရီးသွားဧည့်သည်တွေကို အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရေတံခွန်ကလည်း လက်ရှိမှာ Magic Carpet စီးခြင်းကို ရပ်နားထားတယ်လို့ သိရပါတယ်။
ဒီတန် ရေတံခွန်ဟာ တရုတ်နဲ့ ဗီယက်နမ်နယ်စပ်မှာရှိတဲ့ ရေတံခွန်ကြီးဖြစ်ပြီး ဒေသအတွင်း အလှပဆုံးနဲ့ အကျော်ကြားဆုံး ရေတံခွန်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် သဘာဝအလှတွေကြောင့် လူသိများပြီး နှစ်နိုင်ငံစလုံးမှ လာရောက်လည်ပတ်သူ ခရီးသွား ဧည့်သည်တွေကြား ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါရီအိုလံပစ် အားကစားပွဲမှ ကြမ်းပိုးတွေ ပါလာမှာစိုးတာကြောင့် တောင်ကိုရီးယားက လေဆိပ်မှာ ကြမ်းပိုးရှာဖွေရေး ခွေးနဲ့ စစ်ဆေးမှုများပြုလုပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း