ပါရီအိုလံပစ် အားကစားပွဲမှ ကြမ်းပိုးတွေ ပါလာမှာစိုးတာကြောင့် တောင်ကိုရီးယားက လေဆိပ်မှာ ကြမ်းပိုးရှာဖွေရေး ခွေးနဲ့ စစ်ဆေးမှုများပြုလုပ်
ရောင်နီ (NSS) - ဩဂုတ် ၁၄
တောင်ကိုရီးယားဟာ အိုလံပစ် အားကစားသမားများ၊ တာဝန်ရှိသူများနဲ့ ပရိသတ်များ ပြင်သစ်နိုင်ငံ၊ ပါရီအိုလံပစ်ပွဲမှ ပြန်လာချိန်မှာ ကြမ်းပိုးကဲ့သို့သော အင်းဆက်ပိုးမွှားတွေလည်း သူတို့နဲ့အတူ ကပ်ပါလာမှာ စိုးတာကြောင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြမ်းပိုးအနံ့ခံ ခွေးနဲ့အတူ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဒီအစီအစဉ်ကို ဦးဆောင်သူကတော့ ပိုးမွှားထိန်းချုပ်ရေး ကုမ္ပဏီ Ceco ဖြစ်ပါတယ်။ Ceco က အဆိုပါ ခွေးကို ကြမ်းပိုးတွေကနေ ထွက်တဲ့အနံ့တစ်မျိုးဖြစ်တဲ့ ဖီရိုမိုနီ အနံ့ ကောင်းကောင်းသိအောင် လေ့ကျင့်သင်ကြားထားတာ ဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ထားတဲ့ ခွေးဟာ ဟိုတယ်အခန်းတစ်ခန်းကို နှစ်မိနစ်အတွင်း အင်းစက်ပိုးမွှားတွေ ရှိ၊ မရှိ ရှင်းလင်းနိုင်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူ ကင်မင်ဆူက ပြောပါတယ်။ ဒီအစီအစဉ်ကို Ceco က ဦးဆောင်ပြီး တောင်ကိုရီးယားရဲ့ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနများ၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီတွေနဲ့ ပူးပေါင်းကာ ဆိုက်ရောက်ခရီးသည်တွေကို စစ်ဆေးဖို့အတွက် လေကြောင်းလိုင်းတွေနဲ့ အင်ချွန်းလေဆိပ်တို့နဲ့အတူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အိုလံပစ် အားကစားသမားများနဲ့ တာဝန်ရှိသူများ ပါရီမှ ရောက်ရှိလာချိန် သြဂုတ်လ ၉ ရက် နေ့မှာစတင်ပြီး စက်တင်ဘာလ ၈ ရက်အထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အစိုးရက ပြောကြားပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမှ တိုက်ရိုက်ရောက်ရှိလာတဲ့ လေယာဉ်တွေကိုလည်း တစ်ပတ်ကို တစ်ကြိမ်နှုန်း ပုံမှန် ပိုးသတ်ပေးနေပြီး လေယာဉ် သို့မဟုတ် လေဆိပ်စစ်ဆေးမှုမှာ အင်းစက်ပိုးမွှား တွေ့ခဲ့ရင် ကွာရန်တင်း ဝန်ဆောင်မှုကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
TNLA လက်အောက်မှ မိုးကုတ်မြို့တွင် “ငါနှင့်မတူ ငါ့ရန်သူ” မူဝါဒ၊ ဒလန်ရှင်းလင်းရေး လုပ်လာသဖြင့် ပြည်သူများအကြား ကျီးလန့်စာစားအခြေအနေ ဖြစ်နေဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ