သက်သာသောဈေးနှုန်းများဖြင့်ရောင်းချသည့် ဆေးအရောင်းပြခန်းကို နေပြည်တော်တွင် ဖွင့်လှစ်မည်
ယွန်း (NSS) - သြဂုတ် ၈
သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းကို နေပြည်တော်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်ညွှန်မှုအရ နေပြည် တော်ကောင်စီ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ ဆေးကုမ္ပဏီများမှသုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ(၁၇)ရက်မှစ၍ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း(၃၀) ထောင့်ရှိ “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အအုံ”တွင် အရောင်းပြခန်း(၁)ကို ဖွင့်လှစ်ကာ ဆေးဝါးများရောင်းချခဲ့သည်။
ထို့ပြင် ပဲခူးမြို့တွင်လည်း အရောင်းပြခန်းဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တွင် အရောင်းပြခန်း(၂)ကိုထပ်မံဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ အလားတူ နေပြည်တော်၊ ပျဥ်းမနားမြို့ရှိ မင်္ဂလာကန်တော်ခန်းမတွင်လည်း အရောင်းပြခန်းများဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
“ကုမ္ပဏီက တိုက်ရိုက်ဖွင့်ဈေးနဲ့ပဲ ရောင်းသွားမယ်။ တစ်ချို့ကလည်း လျှော့ဈေးနဲ့ရောင်းတာလည်းရှိမယ်။ ဆေးတွေကလည်း အရင်ပြခန်းတွေမှာ ရောင်းတဲ့အတိုင်းပဲရောင်းမယ်”ဟု မြန်မာနိုင်ငံဆေး နှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအရောင်းပြခန်းများကို လာမည့် သြဂုတ်(၁၂)ရက်နေ့မှ သြဂုတ်လ (၁၇)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချရန် စီစဥ်ထားသော်လည်း ပြည်သူများ၏ လာရောက်ဝယ်ယူမှုပေါ်မူတည်၍ ဆေးရောင်းချသည့် ရက်ကိုထပ်တိုးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပဲခူး၌ဖွင့်လှစ်ထားသည့် အရောင်းပြခန်းနှင့် ရန်ကုန်မြို့ရှိ အရောင်းပြခန်း(၂)တို့ကို ပိတ်သိမ်းခဲ့ပြီဖြစ်ရာ ရန်ကုန်၌ဖွင့်လှစ်ရောင်းချနေသည့် အရောင်းပြခန်း(၁)ကို သြဂုတ်လကုန်အထိသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်၌ နိုင်ငံတော်အလံများ တလွင့်လွင့်မလူတော့ပါ (ဆောင်းပါး)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ