Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချင်းမိုင်မြို့က ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့အဖြစ် (၉)ရက်ဆက်တိုက် သတ် မှတ်ခံရဟုဆို

Pika (NP News) - ဧပြီ ၃


ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မီးခိုးမြူများ ထူထပ်စွာကျဆင်းလျက်ရှိပြီး ချင်းမိုင်မြို့သည် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့အဖြစ် (၉)ရက်ဆက်တိုက် သတ်မှတ်ခံခဲ့ရကြောင်း  IQAir ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်၊၊


ချင်းမိုင်မြို့သည် PM2.5 ပါဝင်မှုနှုန်း အများဆုံးရှိနေသော မြို့အဖြစ် (၉)ရက်ဆက်တိုက် သတ်မှတ်ခံခဲ့ရကြောင်း IQAir ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ချင်းမိုင်မြို့ရှိလေထုညစ်ညမ်းမှုသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အဆင့်သို့ဆက်တိုက်ရောက်ရှိနေပြီး ဆေးရုံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသော လူနာများဖြင့် ပြည့်နှက်နေကြောင်း ချင်းမိုင်တက္ကသိုလ်ဆေးပညာဌာန၏ ဖော်ပြချက်အရသိရသည်။


၂ဝ၂၃ ခုနှစ် ပထမဆုံး(၃)လအတွင်း လူနာပေါင်း(၁၂၆၇၁)ဦးသည် အသက်ရှူခြင်းနှင့် လေထုညစ်ညမ်းမှုဆိုင်ရာကျန်းမာရေးပြဿနာများကြောင့် ကုတင်(၁၄ဝဝ)ဆန့် Maharaj Nakhorn Chiang Mai ဆေးရုံတွင် ကုသမှုများခံယူခဲ့ရကြောင်းသိရသည်။ ထို့ပြင် ကုသမှုခံယူမည့် လူနာများ အလွန်များပြားနေကြောင်း အဆိုပါဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် Hang Dong ခရိုင်ရှိ Doi Suthep – Pui အမျိုးသားဥယျာဉ်အတွင်း တောမီးလောင်ကျွမ်းမှုနေရာ (၁၃)ခုကိုတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။


Mueang Chiang Maiခရိုင်ရှိ တက်ဒ်မဟိုင် ရေတံခွန်အနီးနှင့် ဘန်ပွန်ခရိုင် Doi Pha Chedi တို့တွင်လောင်ကျွမ်းနေသော မီးလောင်မှုနှစ်ခုကလွဲပြီး ကျန်သည့်မီးလောင်မှုအားလုံးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ ဘန်ပွန်ခရိုင် Doi Pha Chedi တွင် ဖြစ်ပွားနေသော မီးလောင်ကျွမ်းမှုသည် Doi Pui တောင်ထိပ်သို့ ပျံ့နှံ့သွားနိုင်သော ကြောင့် စိုးရိမ်မှုများမြင့်တက်နေကြောင်းလည်းသိရသည်။ သို့သော်လည်း အဆိုပါမီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရန် KA-32 ရဟတ်ယာဉ်များ အသုံးပြုပြီး မီးသတ်သမားများက ကြိုး ပမ်းခဲ့ရကြောင်း သဘာဝဘေးလျော့ပါးရေးနှင့်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့သည်။


Sri Lanna အမျိုးသားဥယျာဥ်၊ Pha Daeng အမျိုးသား ဥယျာဉ်၊ Mae Takhrai အမျိုးသား ဥယျာဉ် နှင့် Doi Wiang Phang အမျိုးသား ဥယျာဉ်တို့တွင်လည်း မီးများလောင်ကျွမ်းလျက်ရှိကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ ဂြိုလ်တုအချက်အလက်များအရ ချင်းမိုင်ပြည်နယ်တွင် မီးလောင်ကျွမ်းမှုနေရာ(၃ဝ၈)ခုရှိပြီး  Chiang Dao ခရိုင်တွင်(၅၂)နေရာ၊ Fang ခရိုင်တွင်(၄၆)နေရာ၊ Mae Taeng ခရိုင်တွင်(၄၃)နေရာ၊ Phrao ခရိုင်တွင်(၃၈)နေရာနှင့်မယ်အိုက်ခရိုင်တွင် (၂၈)နေရာရှိကြောင်း ThaiRath သတင်းစာကဖော်ပြခဲ့သည်။

zawgyi version

ခ်င္းမိုင္ၿမိဳ႕က ကမာၻေပၚတြင္ ေလထုအညစ္ညမ္းဆုံးၿမိဳ႕အျဖစ္ (၉)ရက္ဆက္တိုက္ သတ္ မွတ္ခံရဟုဆို

Pika (NP News) - ဧၿပီ ၃


ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ မီးခိုးျမဴမ်ား ထူထပ္စြာက်ဆင္းလ်က္ရွိၿပီး ခ်င္းမိုင္ၿမိဳ႕သည္ ကမာၻေပၚတြင္ ေလထုအညစ္ညမ္းဆုံးၿမိဳ႕အျဖစ္ (၉)ရက္ဆက္တိုက္ သတ္မွတ္ခံခဲ့ရေၾကာင္း  IQAir ကုမၸဏီ ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားသည္၊၊


ခ်င္းမိုင္ၿမိဳ႕သည္ PM2.5 ပါဝင္မႈႏႈန္း အမ်ားဆုံးရွိေနေသာ ၿမိဳ႕အျဖစ္ (၉)ရက္ဆက္တိုက္ သတ္မွတ္ခံခဲ့ရေၾကာင္း IQAir ကုမၸဏီ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။ ခ်င္းမိုင္ၿမိဳ႕ရွိေလထုညစ္ညမ္းမႈသည္ က်န္းမာေရးအတြက္ အႏၲရာယ္ရွိေသာ အဆင့္သို႔ဆက္တိုက္ေရာက္ရွိေနၿပီး ေဆး႐ုံမ်ားတြင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာရွိေသာ လူနာမ်ားျဖင့္ ျပည့္ႏွက္ေနေၾကာင္း ခ်င္းမိုင္တကၠသိုလ္ေဆးပညာဌာန၏ ေဖာ္ျပခ်က္အရသိရသည္။


၂ဝ၂၃ ခုႏွစ္ ပထမဆုံး(၃)လအတြင္း လူနာေပါင္း(၁၂၆၇၁)ဦးသည္ အသက္ရႉျခင္းႏွင့္ ေလထုညစ္ညမ္းမႈဆိုင္ရာက်န္းမာေရးျပႆနာမ်ားေၾကာင့္ ကုတင္(၁၄ဝဝ)ဆန႔္ Maharaj Nakhorn Chiang Mai ေဆး႐ုံတြင္ ကုသမႈမ်ားခံယူခဲ့ရေၾကာင္းသိရသည္။ ထို႔ျပင္ ကုသမႈခံယူမည့္ လူနာမ်ား အလြန္မ်ားျပားေနေၾကာင္း အဆိုပါေဆး႐ုံတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္သီတင္းပတ္ကုန္တြင္ Hang Dong ခ႐ိုင္ရွိ Doi Suthep – Pui အမ်ိဳးသားဥယ်ာဥ္အတြင္း ေတာမီးေလာင္ကြၽမ္းမႈေနရာ (၁၃)ခုကိုေတြ႕ရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။


Mueang Chiang Maiခ႐ိုင္ရွိ တက္ဒ္မဟိုင္ ေရတံခြန္အနီးႏွင့္ ဘန္ပြန္ခ႐ိုင္ Doi Pha Chedi တို႔တြင္ေလာင္ကြၽမ္းေနေသာ မီးေလာင္မႈႏွစ္ခုကလြဲၿပီး က်န္သည့္မီးေလာင္မႈအားလုံးကို ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ ဘန္ပြန္ခ႐ိုင္ Doi Pha Chedi တြင္ ျဖစ္ပြားေနေသာ မီးေလာင္ကြၽမ္းမႈသည္ Doi Pui ေတာင္ထိပ္သို႔ ပ်ံ႕ႏွံ႔သြားႏိုင္ေသာ ေၾကာင့္ စိုးရိမ္မႈမ်ားျမင့္တက္ေနေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း အဆိုပါမီးေလာင္ကြၽမ္းမႈကို မီးၿငိမ္းသတ္ရန္ KA-32 ရဟတ္ယာဥ္မ်ား အသုံးျပဳၿပီး မီးသတ္သမားမ်ားက ႀကိဳး ပမ္းခဲ့ရေၾကာင္း သဘာဝေဘးေလ်ာ့ပါးေရးႏွင့္ကာကြယ္ေရးဌာနမွ တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။


Sri Lanna အမ်ိဳးသားဥယ်ာဥ္၊ Pha Daeng အမ်ိဳးသား ဥယ်ာဥ္၊ Mae Takhrai အမ်ိဳးသား ဥယ်ာဥ္ ႏွင့္ Doi Wiang Phang အမ်ိဳးသား ဥယ်ာဥ္တို႔တြင္လည္း မီးမ်ားေလာင္ကြၽမ္းလ်က္ရွိေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ ၿဂိဳလ္တုအခ်က္အလက္မ်ားအရ ခ်င္းမိုင္ျပည္နယ္တြင္ မီးေလာင္ကြၽမ္းမႈေနရာ(၃ဝ၈)ခုရွိၿပီး  Chiang Dao ခ႐ိုင္တြင္(၅၂)ေနရာ၊ Fang ခ႐ိုင္တြင္(၄၆)ေနရာ၊ Mae Taeng ခ႐ိုင္တြင္(၄၃)ေနရာ၊ Phrao ခ႐ိုင္တြင္(၃၈)ေနရာႏွင့္မယ္အိုက္ခ႐ိုင္တြင္ (၂၈)ေနရာရွိေၾကာင္း ThaiRath သတင္းစာကေဖာ္ျပခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်နယ်ထရမ့် အညံ့ခံလာစေရန် နယူးယောက်ရဲတပ်ဖွဲ့ ပြင်ဆင်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved