Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော် နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS အဖွဲ့ ထုတ်ဖော်ပြောဆို

မျိုးကြီး (NP News) - ဧပြီ ၃


တပ်မတော်နှင့် PDF တို့၏ ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။


ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS/SSA အဖွဲ့သည် ယနေ့(ဧပြီလ ၃ ရက်)တွင် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။


တပ်မတော်သည် RCSS/SSA အဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်ဟုဆိုကာ အင်းလေး PDF မှ ပြောဆိုမှုသည် မှန်ကန်မှုမရှိဘဲ ကောလာဟလသတင်းသာဖြစ်ကြောင်း RCSS က ပြန်လည်တုံ့ပြန်ထားသည်။


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်တောင်ပိုင်း၌ဖြစ်ပွားသည့် PDF နှင့် တပ်မတော်တို့၏ တိုက်ပွဲများအတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိကြောင်း အသိပေးပြောဆိုထားသည်။


ထို့ပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်သောလုပ်ရပ်များကိုလည်း RCSS/SSA အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ပြောဆိုထားသည်။


RCSS/SSA အနေဖြင့် NCA စာချုပ်အပေါ် ရပ်တည်ကာ နိုင်ငံရေးဆွေးနွေးမှုများကို ဆောင် ရွက်လျက်ရှိပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းထားသည်။


နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထုနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများကို လျှော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည် ထောင်နိုင်ရန် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း RCSS/SSA က ဆိုသည်။


ထို့ပြင် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေး နွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်အသိပေးထားသည်။


လက်ရှိတွင် RCSS/SSA သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။


အလားတူ နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင်လည်း RCSS/SSA အနေဖြင့် ဦးဆောင်ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။

zawgyi version
























Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တင်းမာမှုများရှိနေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved