တင်းမာမှုများရှိနေချိန်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်
Pika (NP News) - ဧပြီ ၃
အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့၏ ရေတပ် တပ်ဖွဲ့များသည် ဧပြီလ(၃)ရက်တွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုအပါအဝင် နှစ်ရက်ကြာရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်းသိရသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ အမေရိကန်၏လေယာဥ်တင်သင်္ဘော USS Nimitz ပါဝင်သော သုံးနိုင်ငံရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကိုရီးယားကျွန်းဆွယ် တောင်ဘက်ရှိရေပြင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်၊၊ မြောက်ကိုရီးယား ၏ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များအပါအဝင် ပိုမိုတိုးတက်လာသော ရေအောက်ခြိမ်းခြောက်မှုများကို တုံ့ပြန်ကာကွယ်ရန်အတွက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော အချက်အလက်များအရသိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းမျိုးကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း ပြုလုပ်ခဲ့ပြီး (၅)နှစ်အတွင်း ပထမဆုံးအကြိမ်လေ့ကျင့်ခြင်းဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားက ပြီးခဲ့သည့်လတွင် ၎င်း၏စစ်တပ်သည် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း အလွန်ပြင်း ထန်သော ရေဒီယိုသတ္တိကြွဆူနာမီကို ဖန်တီးနိုင်စွမ်းရှိသော ရေအောက်နျူကလီးယား လက် နက်ကို စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ တောင်ကိုရီးယားသည် နှစ်ရက်ကြာမည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် Yulgok YiYi၊ Choe Yeong နှင့် Daejoyeong အမည်ရှိ ဖျက်သင်္ဘောများနှင့် Soyang အမည်ရှိ ထောက်ပံ့ရေးသင်္ဘောများကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်သည် JS Umigiri အမည်ရှိ ဖျက်သင်္ဘောကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ပြီး အမေရိကန်သည် USS Wayne E. Meyer နှင့် USS Decatur အမည်ရှိ ဖျက်သင်္ဘောနှစ်စီးကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားက "ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ရေအောက်ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းဖို့ ၊ ခြေရာခံဖို့ ၊ သတင်းအချက်အလက်မျှဝေခြင်းနဲ့ လက်တုံ့ပြန်မှုတွေလုပ်ဆောင်နိုင်ဖို့ သုံးနိုင်ငံလုံးရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ အာရုံစိုက်သွားမှာပါ"ဟုပြောဆိုခဲ့သည်။
zawgyi version
တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္တို႔ ေရတပ္ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္
Pika (NP News) - ဧၿပီ ၃
အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္တို႔၏ ေရတပ္ တပ္ဖြဲ႕မ်ားသည္ ဧၿပီလ(၃)ရက္တြင္ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး စစ္ဆင္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးေလ့က်င့္မႈအပါအဝင္ ႏွစ္ရက္ၾကာေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို စတင္ခဲ့ေၾကာင္းသိရသည္။
ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာန၏အဆိုအရ အေမရိကန္၏ေလယာဥ္တင္သေဘၤာ USS Nimitz ပါဝင္ေသာ သုံးႏိုင္ငံေရေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ကိုရီးယားကြၽန္းဆြယ္ ေတာင္ဘက္ရွိေရျပင္တြင္ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္၊၊ ေျမာက္ကိုရီးယား ၏ ေရငုပ္သေဘၤာမွ ပစ္လႊတ္ေသာ ပဲ့ထိန္းဒုံးက်ည္မ်ားအပါအဝင္ ပိုမိုတိုးတက္လာေသာ ေရေအာက္ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ကာကြယ္ရန္အတြက္ အေမရိကန္၊ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔သည္ ယခုကဲ့သို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနမွထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရသိရသည္။
အဆိုပါစစ္ေရးေလ့က်င့္ခန္းမ်ိဳးကို ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္လည္း ျပဳလုပ္ခဲ့ၿပီး (၅)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ေလ့က်င့္ျခင္းျဖစ္ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားက ၿပီးခဲ့သည့္လတြင္ ၎၏စစ္တပ္သည္ သုံးရက္ၾကာ စစ္ေရးေလ့က်င့္မႈအတြင္း အလြန္ျပင္း ထန္ေသာ ေရဒီယိုသတၱိႂကြဆူနာမီကို ဖန္တီးႏိုင္စြမ္းရွိေသာ ေရေအာက္န်ဴကလီးယား လက္ နက္ကို စမ္းသပ္ႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ေတာင္ကိုရီးယားသည္ ႏွစ္ရက္ၾကာမည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားအတြက္ Yulgok YiYi၊ Choe Yeong ႏွင့္ Daejoyeong အမည္ရွိ ဖ်က္သေဘၤာမ်ားႏွင့္ Soyang အမည္ရွိ ေထာက္ပံ့ေရးသေဘၤာမ်ားကို ထည့္သြင္းေလ့က်င့္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ဂ်ပန္သည္ JS Umigiri အမည္ရွိ ဖ်က္သေဘၤာကို ထည့္သြင္းေလ့က်င့္သြားမည္ျဖစ္ၿပီး အေမရိကန္သည္ USS Wayne E. Meyer ႏွင့္ USS Decatur အမည္ရွိ ဖ်က္သေဘၤာႏွစ္စီးကို ထည့္သြင္းေလ့က်င့္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ေတာင္ကိုရီးယားက "ေရငုပ္သေဘၤာတိုက္ဖ်က္ေရး စစ္ေရးေလ့က်င့္မႈေတြဟာ ေျမာက္ကိုရီးယားရဲ႕ ေရေအာက္ၿခိမ္းေျခာက္မႈေတြကို ေထာက္လွမ္းဖို႔ ၊ ေျခရာခံဖို႔ ၊ သတင္းအခ်က္အလက္မွ်ေဝျခင္းနဲ႔ လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ သုံးႏိုင္ငံလုံးရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမႇင့္တင္ဖို႔ အာ႐ုံစိုက္သြားမွာပါ"ဟုေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရဝမ်ဒါဟာ ခိုလှုံခွင့်တောင်းခံသူများအတွက် ဘေးကင်းသောနေရာဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပြောကြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ