(၇၅)နာရီကြာ ဆက်တိုက်ဂိမ်းကစားပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသား
Pika (NSS) - ဇူလိုင် ၃ဝ
နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးသည် Dream League Soccer ၂၀၂၃ မိုဘိုင်းဂိမ်းကို အချိန် (၇၅)နာရီ ဆက်တိုက်ကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အသက်(၂၄)နှစ်အရွယ် Oside ''Khoded" Oluwole ဆိုသည့် နိုင်ဂျီးရီးယားအမျိုးသားသည် ဘောလုံးဂိမ်းကို အချိန်အကြာဆုံးကစားပြနိုင်ခဲ့သည့် ဂင်းနစ်စံချိန်ကိုချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့များကပြောကြားခဲ့သည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင် ဆောင်ထားသူမှာ အင်္ဂလိပ်လူမျိုး ဒေးဗစ်ဝှိုက်ဖုဒ် ဖြစ်ပြီး (၂၀၂၂) ခုနှစ်တွင် ဘောလုံးဂိမ်းကို အချိန် နာရီ(၅၀)ကြာ ဆက်တိုက်ကစားပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခင်ကိုင်ဆောင်ထားသူများသည် FIFA သို့မဟုတ် Pro Evolution Soccer တို့ကို ရွေးချယ်ကစားခဲ့သောကြောင့် Oside ''Khoded'' Oluwole သည်Dream League Soccer ကို ကစားခဲ့သည့် ပထမဆုံးသော ဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသူဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့များက ပြောကြားခဲ့သည်။ Oside "Khoded" Oluwole သည် ၎င်း၏ iPhone ကို တီဗီနှင့်ချိတ်ဆက်ကာ ကစားပြခဲ့ခြင်းဖြစ်ပြီး အချိန်တစ်နာရီတိုင်းတွင် ၎င်းကို အနားယူချိန်(၅) မိနစ်ပေးထားကြောင်းသိရသည်။
Oside "Khoded" Oluwole က 'ဒါကလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပေမယ့် တကယ်ပျော်ဖို့ ကောင်းပါတယ်။ ဒါကအရမ်းကိုကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါ။ ဒါက အရမ်းကိုစိတ်ဝင်စား ဖို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ပြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် ဘုရားကိုကျေးဇူးတင်ပါတယ်'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုလံပစ်အခမ်းအနားအတွင်း ခရစ်ယာန်ဘာသာကို စော်ကားသည့်အပြု အမူနှင့်ပတ်သက်၍ ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် ကန့်ကွက်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ