အိုလံပစ်အခမ်းအနားအတွင်း ခရစ်ယာန်ဘာသာကို စော်ကားသည့်အပြု အမူနှင့်ပတ်သက်၍ ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် ကန့်ကွက်
ALynn (NSS) - ဇူလိုင် ၃ဝ
ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် Tomas Taraba က ပါရီအိုလံပစ်ပိတ်ပွဲ အခမ်းအနားတွင် ၎င်း၏နိုင်ငံကို ကိုယ်စားပြုမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ Taraba သည် ၂၀၂၄ ခုနှစ် နွေရာသီအားကစားပြိုင်ပွဲ၏ သောကြာနေ့ဖွင့်ပွဲအခမ်းအနားသည် ခရစ်ယာန်များကို ရိုသေလေးစားမှုမရှိကြောင်း ပြသခြင်းအဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
"ပိတ်ပွဲအခမ်းအနားမှာ ကျွန်တော်က ဆလိုဗက်ကီးယားကို ကိုယ်စားပြုရမှာဖြစ်ပေမယ့် ဒီအိုလံပစ်ပြိုင်ပွဲဟာ အားကစားရဲ့ အနှစ်သာရကို အလွဲ သုံးစားပြုပြီး နိုင်ငံရေးဇာတ်ခုံအဖြစ် ပြောင်းလဲခဲ့ခြင်းကြောင့် ပိတ်ပွဲအခမ်းအ နားမှာမပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ "ရှက်စရာ ကောင်းသော ဖွင့်ပွဲအခမ်းအနားကို ယခုအခါ အင်တာနက်မှ ဖယ်ရှားလိုက်ကြောင်း” Taraba မှ ဖော်ပြခဲ့သည်။
Taraba သည် ၀န်ကြီးချုပ် Robert Fico ၏ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Fico သည် မေလလယ်တွင် လူသတ်သမား၏ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခံရပြီးနောက် ၎င်း၏တာဝန်အချို့ကို Taraba လွှဲပြောင်းယူခဲ့ရသည်။ Fico သည် ယခုအခါ ပြန်လည် ကောင်းမွန်လာပြီး ရုံးပြန်တက်ခဲ့သော်လည်း ၎င်း၏ကိုယ်စား Taraba အား ပါရီသို့ သွားရောက်ရန် လွှဲအပ်ခဲ့သည်။
လီယိုနာဒိုဒါဗင်ချီ၏ ထင်ရှားကျော်ကြားသော 'နောက်ဆုံးညစာစားပွဲ' အမည်ရ ပန်းချီကားဖြင့် ဖွင့်ပွဲအခမ်းအနားကို သရုပ်ဖော်ပြသခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းက ခရစ်ယာန်ဘာသာဝင်များက ပါရီစီစဉ်သူများ၏ ဆုံးဖြတ် ချက်ကို ကန့်ကွက်ခဲ့ကြသည်။ ပန်းချီဆရာ၏ ကျော်ကြားသော ယေရှုခရစ်နှင့် သူ၏တမန်တော်များကို သရုပ်ဖော်ပုံကို ဆေးစွဲနေသော ဘုရင်မများ၊ လိင်တူဆက်ဆံသူများနှင့် လိင်ပြောင်းဆက်ဆံသူများပါဝင်သော Bacchanalia အဖြစ် ပြန်လည်ပုံဖော်ထားခြင်းကြောင်း ကန့်ကွက်ကြခြင်းဖြစ်သည်။
အခမ်းအနားရဲ့အနုပညာဒါရိုက်တာ Thomas Jolly ကလည်း ၎င်း၏ အနုပညာကို ကာကွယ်ပြောဆိုခဲ့သည်။ “ကျနော်တို့က မတူကွဲပြားမှုတွေအကြောင်းပြောချင်တယ်။ မတူကွဲပြားခြင်းဆိုသည်မှာ အတူတကွရှိခြင်းပင်ဖြစ်တယ်။ ဒါကြောင့် အားလုံးပါဝင်စေချင်တယ်”ဟု ပြောသည်။ နိုင်ငံတ ကာ အိုလံပစ်ကော်မတီသည် ၎င်း၏ YouTube ချန်နယ်မှ အခမ်းအနား၏ ဖွင့်ပွဲဗီဒီယိုဖိုင်ကို ဖယ်ရှားခြင်းဖြင့် ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ နိုင်ငံတော်ကြွေးမြီ ၃၅ ထရီလျံဒေါ်လာဖြင့် အမြင့်ဆုံးဖြစ်လာ