မြောက်ကိုရီးယားမှာ ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်နေ
ရောင်နီ (NSS) - ဇူလိုင် ၃ဝ
မြောက်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခသည် လူပေါင်း (၅၀၀၀)ကျော်ကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့အတူ ကယ်ဆယ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့ (ဇူလိုင်လ ၂၉ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
စနေနေ့(ဇူလိုင်လ ၂၈ ရက်)က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ကိုရီးယား-တရုတ်နယ်စပ်မှာ အန္တရာယ်ရှိ အဆင့်ကို ကျော်လွန်တဲ့အထိ မြစ်ရေကြီး ရေလျှံမှုဖြစ်ခဲ့တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုဒဏ်ခံနေရတဲ့ ရှင်နူဂျူမြို့နဲ့ အူဂျူမြို့မှာ ဒုက္ခသည် (၄၂၀၀)ခန့်ကို စစ်ရဟတ်ယာဉ် နဲ့ ရေတပ်လှေ (၁၀) စီးခန့်ကို အသုံးပြုကာ ရွှေ့ပြောင်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရေကြီးမှုကြောင့် လူသေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရွှေ့ပြောင်းနေရာချရေး၊ လိုအပ်တဲ့ စားနပ် ရိက္ခာ နဲ့ အခြားပစ္စည်းတွေကို ထောက်ပံ့ပေးဖို့၊ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တာဝန်တွေ ချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားမှာ ရေလွှမ်းမိုးခြင်း၊ ရေနုတ်မြောင်း အရည် အသွေး ညံ့ဖျင်းခြင်း၊ သစ်တောပြုန်းတီးခြင်းနဲ့ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းတို့ကြောင့် လယ်မြေတွေ ဆိုးဆိုးရွားရွား ပျက်စီးလေ့ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း/စနစ်သစ်ကျရှုံးခဲ့သူများကို လာမည့်စာမေးပွဲ၌ ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း