ခြိမ်းခြောက်မှုတွေတိုးလာနေတဲ့အတွက် စစ်ရေးပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်ရမယ်လို့ ဖိလစ်ပိုင်သမ္မတပြော
ဂျန်ဇက် (NSS) - ဇွန် ၁၃
အင်ဒို-ပစီဖိတ်ဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာနေခြင်းကြောင့် ခြိမ်းခြောက်မှုတွေ တိုးလာနေရာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ပိုမိုပြင်ဆင်ထားရမယ်လို့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့အငြင်းပွားမှုများ၊ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာနေကြောင်း သိရပါတယ်။ သမ္မတဖာဒီနန်မာကိုစ့်က "လက်ရှိအချိန်မှာ ခြိမ်းခြောက် မှုတွေ တိုးလာနေတယ်။ အဲဒီအတွက် ပြင်ဆင်မှုတွေလည်း ပိုမိုလုပ်ဆောင်ထားရမယ်" လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတက ၎င်းတို့ဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ အထူးစီးပွားရေးဇုန်အပါအဝင် နိုင်ငံအချုပ်အခြာ အာဏာပိုင်နက်တွေကို ထိပါးခံမှာ မဟုတ်ကြောင်း ပြောပါတယ်။ အငြင်းပွားမှုတွေကို သံတမန်ရေးလမ်းကြောင်း က ဖြေရှင်းဖို့ ကြိုးပမ်းနေသလို နိုင်ငံကို ကာကွယ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့လည်း ပြင်ဆင်ထားရမယ်လို့ ၎င်းက ထပ်မံပြောခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန် အပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့ထံကနေ ခေတ်မီလက်နက်တွေ ပိုမိုရရှိအောင် ကြိုးပမ်းနကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားရာ ဖိလစ်ပိုင် အပါအဝင် အာဆီယံဒေသ အတွင်းနိုင်ငံများနဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကူဝိတ်နိုင်ငံရှိ လူနေအဆောက်အဦးမှာ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူပေါင်း ၅၀ နီးပါး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ