ကူဝိတ်နိုင်ငံရှိ လူနေအဆောက်အဦးမှာ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူပေါင်း ၅၀ နီးပါး သေဆုံး
ဂျန်ဇက် (NSS) - ဇွန် ၁၃
ကူဝိတ်နိုင်ငံရှိ လူနေအိမ်ယာအဆောက်အဦးမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အနည်းဆုံးလူပေါင်း ၄၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသေဆုံးသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၄ဝ ဦး ပါဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်အတွင်း အဆိုပါကူဝိတ်နိုင်ငံ Mangaf မြို့ရှိ လူနေအိမ်ယာအဆောက်အဦးမှာ လူပေါင်း များစွာရှိနေခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေးခဲ့ပါတယ်။ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ အိန္ဒိယနိုင်ငံသား အများစုဟာ တမီးနာဒူပြည်နယ်နဲ့ ကီရာလာပြည်နယ်တို့ကဖြစ်ပြီး အခြားအိန္ဒိယနိုင်ငံသား ၅၀ ကျော် ဒဏ်ရာရခဲ့ တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
ကူဝိတ်နိုင်ငံရှိ လူဦးရေရဲ့သုံးပုံနှစ်ပုံက နိုင်ငံခြားသားအလုပ်သမားတွေဖြစ်ပြီး ကူဝိတ်နိုင်ငံဟာပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ပြည်ပနိုင်ငံသားတွေကို မှီခိုနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ကူဝိတ်နိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားသားတွေရဲ့ရှင်သန်နေထိုင်မှုတွေဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း လူအခွင့်ရေးအဖွဲ့အစည်းများက ပြောပါတယ်။
အဆိုပါ အိမ်ယာအဆောက်အဦးမှာ နိုင်ငံခြားသား အလုပ်သမား ၁၉၆ ဦးရှိနေပြီး သေဆုံးသူအများစုက မီးလောင်ချိန်မှာ မီးခိုးမွှန်တာနဲ့ လူပိမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ဖိလစ်ပိုင်နဲ့ နီပေါ နိုင်ငံသားတွေလည်း ဒဏ်ရာရခဲ့ကြောင်း၊ ကူဝိတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ကူဝိတ် အာဏာပိုင်တွေဟာ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စစ်ဆေးနေပြီး အသေးစိတ်သတင်းထုတ်ပြန် ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘက်ဆိုင်ရာတင်ဆက်မှုပြိုင်ပွဲမှာ အမြင့်ဆုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် J-Hope
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း